နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံမှ ဝယ်လက်များရှိလာသဖြင့် နှမ်းနက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိ

မန္တလေး  အောက်တိုဘာ  ၁၉


တရုတ်နိုင်ငံမှ ဝယ်လိုအား ပြန်ရှိလာသောကြောင့် မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် နှမ်းနက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေကြောင်း သိရသည်။

နှမ်းနက်ဈေးနှုန်းများသည် ယခုလဆန်းပိုင်းမှစ၍ ပြန်လည်မြင့်တက်လာခဲ့ပြီး ၃ တင်းဝင်တစ်အိတ် လျှင် ငွေကျပ်သုံးသောင်းခွဲမှ ကျပ်လေးသောင်းခန့်အထိ ဈေးတက်လာခဲ့ကြောင်း၊ ထိုသို့ ဈေးတက်လာ သည့်အတွက် ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် နှမ်းနက် ၃ တင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သိန်း ရှစ်သောင်း ဝန်းကျင်သာရှိခဲ့သော်လည်း ယခုလက်ရှိတွင် နှမ်းနက် ၃ တင်းဝင်တစ်အိတ်လျှင် ပေါက်ဈေး ကျပ်နှစ်သိန်းကျော်အထိရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံမှထွက်ရှိသော နှမ်းနက်များကို တရုတ်နိုင်ငံသာမက ဂျပန်နိုင်ငံမှလည်း မြန်မာ့ နှမ်းနက်များကို ဝယ်ယူလေ့ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ထင်မှတ်မထားဘဲ တရုတ်နိုင်ငံမှဝယ်လိုအား မြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေး ပဲ၊နှမ်းဈေးကွက်မှ ကုန်သည်များက ပြောသည်။

နှမ်းသည် သီးထပ်စိုက်ပျိုးနိုင်သော အသီးအနှံဖြစ်သောကြောင့် ၁၂ ရာသီလုံး နိုင်ငံတစ်ဝန်းရှိ ဒေသအစုံမှ ထွက်လေ့ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းမှထွက်ရှိသော နှမ်းများ၏အရည်အသွေးကို ပြည်ပ နိုင်ငံများမှ ဝယ်လက်များက ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရသည်။

လက်ရှိတွင် နှမ်းနက်ဈေးနှုန်းသည် ယခုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေသော်လည်း ပြီးခဲ့သည့်နှစ် ကာလတူအချိန်က နှမ်းနက်ဈေးနှုန်းကို မမီသေးကြောင်းနှင့် ပြီးခဲ့သည့်နှစ် ကာလတူအချိန်က နှမ်းနက် ၃ တင်းဝင်တစ်အိတ်လျှင် မြန်မာငွေကျပ် နှစ်သိန်းခြောက်သောင်းကျော်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။           (မိုးယံထက်)






အခြားဆက်စပ်သတင်းများ