နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသတွင် ထန်းလက်ကုလားထိုင် လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရနေ

ချောက် အောက်တိုဘာ  ၁၉


အညာဒေသထွက် ထန်းပင်မှထန်းလက်ဖြင့်ပြုလုပ်သော အိမ်သုံးပရိဘောဂတစ်မျိုးဖြစ်သည့် ကုလား ထိုင်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်နှင့်ရေနံချောင်းမြို့ နယ်က ထန်းလက်ကုလားထိုင်လုပ်ကိုင်သူ ရောင်းဝယ်သူများထံက သိရသည်။

ထန်းပင်မှထန်းလက်တစ်လက်လျှင် ငွေကျပ်တစ်ရာနှင့်ဝယ်ယူ၍ သစ်သား၊ ဝါး၊ ထန်းလက်ဖြင့် ကုလားထိုင်ကို လုပ်ကိုင်ကြရပြီး လူတစ်ဦးတစ်နေ့လျှင်ကုလားထိုင်နှစ်လုံးခန့်ပြီးစီးကြောင်း ရေနံချောင်းမြို့ နယ် သုံးဆယ့်ခြောက်ကျေးရွာအုပ်စုမှ ဒေသခံထန်းလက်ကုလားထိုင်ပြုလုပ်သူ အမည်မဖော်လိုသူအမျိုးသား တစ်ဦးက ပြောသည်။

ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်ရှိ ရန်ကုန်၊ ပြည်၊ မန္တလေးကားလမ်းတစ်လျှောက်၌ ကားဂိတ်များတွင် ထန်းလက်ကုလားထိုင်ကိုရောင်းချကြသည်အပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း သုံးဘီး ဆိုင်ကယ်ပေါ်တင်၍လည်းကောင်း အထမ်းအပိုးဖြင့် တစ်လမ်းဝင် တစ်လမ်းထွက်လှည့်ရောင်းချကြရသည်။  လက်ရှိကုလားထိုင်တစ်လုံးလျှင် ကျပ် ၃၅၀ဝ ဝန်းကျင်ရှိပြီး တန်ဖိုးအသင့်အတင့်ဖြင့် အညာထွက်ထန်းပင်မှ ထန်းလက်ကုလားထိုင်ကို နေအိမ်များ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း သိရသည်။

အညာဒေသ၏ အိုအေစစ်အဖြစ် ထန်းပင်များပေါက်ရောက်လျက်ရှိကာ ထန်းပင်မှထန်းလျက်၊ သကာ ရည်၊ ထန်းရည်ချိုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးအဖြစ် လူနေအိမ်၊ ဂိုဒေါင်၊ မွေးမြူလုပ်ငန်းများဆောက်လုပ်ရာတွင် အသုံးပြုခြင်းဖြင့် အသုံးဝင်လျက်ရှိကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ