နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Asian Academy Creative Awards ဆန်ခါတင်ဆုစာရင်းထဲတွင် ပါဝင်နေသည့် 'လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက်' ဇာတ်လမ်းတွဲ

ရန်ကုန်  အောက်တိုဘာ  ၁၉


ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းကိုကို၊ ခါရာနှင့် ပန်းရောင်ခြယ်တို့ ပါဝင်သရုပ်ဆောင် ထားသည့် "လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက်" ဇာတ်လမ်းတွဲက Asian Academy Creative Awards ဆုပေးပွဲတွင် ဆု ၄ ဆုအတွက် National Winners များအဖြစ် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။


"Asian Academy Creative Awards (အာရှအနုပညာအကယ်ဒမီဆုချီးမြှင့်ပွဲ) အတွက် ကျွန်တော်တို့ရဲ့ 'လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက်' ဇာတ်လမ်းတွဲကနေ Best Drama Series (အကောင်းဆုံး ဇာတ်လမ်းတွဲဆု) ၊ Best Actress In A Leading Role (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု) - ပန်းရောင်ခြယ် ၊ Best Theme Song (အကောင်းဆုံး ဇာတ်ဝင်တေးသီချင်းဆု) - Enemies Of You (လိပ်ပြာ original sound track ) ၊ Best Cinematography - Waiyan Pbe တို့မှ အသီးသီးဖြင့် ဆုပေါင်း ၄ ဆုအတွက် National Winners များအဖြစ် ဆန်ခါတင်အဆင့်မှာ ပါသွားခဲ့ပါပြီ"ဟု ဆိုပြီး ပြီးခဲ့သည့်အောက်တိုဘာလ လယ်ပိုင်းတွင် ဒါရိုက်တာ ဉာဏ်ထင်က ယင်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။


Asian Academy Creative Awards ဆုပေးပွဲကို စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆုပေးပွဲတွင် လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက် ရုပ်သံဇာတ်လမ်းတွဲများသည် အာရှနိုင်ငံအသီးသီးရှိ ရုပ်သံဇာတ်လမ်းတွဲများနှင့်အတူ ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။


"လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက်" ဇာတ်လမ်းတွဲကို CANAL+ ရုပ်သံလိုင်းမှ ပြသခဲ့ပြီး အဆိုပါ ဇာတ်လမ်းတွဲသည် Season-1 တွင် ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိခဲ့ပြီး Season-2 ကိုလည်း ရိုက်ကူး နေကာ COVID-19 ရောဂါကြောင့် ရပ်နားထားရခြင်းဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ထွန်းကိုကို၊ ခါရာ၊ မင်းမြတ်စိုးစံ၊ အောင်ရဲထိုက်၊ မင်းဦး၊ မင်းသူ၊ ချာလီ၊ ပန်းရောင်ခြယ်၊ မြတ်နိုးအေး၊ မေတိုးခိုင်နှင့် သန်းသန်းစိုးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားကြမည်ဖြစ်သည်။                             


(WP)






အခြားဆက်စပ်သတင်းများ