နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The Harder They Fall ဇာတ်ကား ရိုက်ကူးရေးလုပ်ငန်းများ ယာယီရပ်ဆိုင်း

အောက်တိုဘာ  ၁၉


Netflix ကုမ္ပဏီက တာဝန်ယူရိုက်ကူးနေသည့် The Harder They Fall ဇာတ်ကား ရိုက်ကူးရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။
ရိုက်ကူးထုတ်လုပ်ရေးအဖွဲ့ဝင် တစ်ဦးတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် Netflix ကုမ္ပဏီက The Harder They Fall ဇာတ်ကား ရိုက်ကူးရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။


နယူးမက္ကဆီကိုပြည်နယ်၌ ရိုက်ကူးနေသည့် The Harder They Fall ဇာတ်ကားကို သီတင်းငါးပတ်ကြာ ရိုက်ကူးမှုများ လုပ်ဆောင်ပြီးနောက် COVID-19 ရောဂါကြောင့် ရိုက်ကူးရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရပြီး လာမည့် သီတင်းပတ်အတွင်းမှသာ ရိုက်ကူးရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ဖွယ်ရှိသည်။


မြင်းစီးကောင်းဘွိုင် သေနတ်သမားများလောကကို နောက်ခံပြုရိုက်ကူးထားသည့် The Harder They Fall ဇာတ်ကားကို ဒါရိုက်တာ ဂျေးမက်ဆင်မြူရယ်က တာဝန်ယူရိုက်ကူးနေခြင်းဖြစ်သည်။ The Harder They Fall ဇာတ်ကားတွင် မင်းသား အိုက်ဒရစ်အယ်ဘာနှင့် မင်းသမီး ရက်ဂျီနာကင်းတို့ ပါဝင်သရုပ်ဆောင်ထားကြသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ