နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေမာကို Great Player လဲသူ၊ လူပြက်လဲသူပါဘဲလို့ ပီရူးလက်ရွေးစင်ကပြော

အောက်တိုဘာ ၁၈


ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပီရူးနဲ့ဘရာဇီးလ်တို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ နေမာက သွင်းဂိုး ၃ ဂိုးသွင်းယူခဲ့ရာမှာ ၂ ဂိုးက ပင်နယ်တီကနေသွင်းယူခဲ့တာပါ။ ဒီပင်နယ်တီတွေ   ကလည်း  သူ့ကိုကစားပုံကြမ်းတမ်းမိရာကနေ  ရရှိခဲ့တာတွေပဲဖြစ်ပါတယ်။  ဒီခြေစစ်ပွဲအပြီးမှာ  ပီရူးလက်ရွေးစင် အသင်းရဲ့ နောက်ခံကစားသမားဇမ်ဘရာနိုက “ဘရာဇီးလ် အသင်းရဲ့ တိုက်စစ်ကစားသမားနေမာဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် သူ့အသင်းပင်နယ်တီ ကန်ခွင့်ရအောင် ပင်နယ်တီဧရိယာအတွင်းထဲ ဟန်ဆောင်လှဲချခြင်းတွေ၊ ဒိုင်ဗင်ထိုးချင်းတွေကို မကြာခဏပြုလုပ်နေခြင်း တွေကြောင့် လူပြက်တစ်ယောက်နဲ့ ပိုတူနေတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာ ဘိုကာဂျူနီယာ ကစားသမားဇမ်ဘရာနိုတစ်ယောက် ပွဲပြီးကာနီး မိနစ်ပိုင်းအလိုမှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရ ပေမယ့် နေမာကတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ နေမာနဲ့ပတ်သက်ပြီး ဇမ်ဘရာနိုက “အရိုး သားဆုံးပြောရရင် နေမာက ကမ္ဘာပေါ်ကအကောင်းဆုံးဘောလုံးသမားပါ။ ကျွန်တော့်အတွက်တော့ လူပြက်တစ်ယောက်နဲ့ပိုတူပါတယ်။ သူကစားတဲ့အချိန်တိုင်း ပြစ်ဒဏ်ဖြစ်လောက်မယ့်အရာတွေကိုပဲ ရှာဖွေနေပါတယ်။ သူဒီပွဲမှာ ဧရိယာအတွင်း ၄/၅ ခါလှဲချနေတာတွေ့ရပါတယ်။ ဒီလိုလုပ်လို့ ပင်နယ်တီ ကန်ခွင့်ရရင် သူ့အတွက် ဂိုးတွေပိုတိုးသွားပါတယ်။ ဒီပွဲက ၂ ကြိမ်စလုံးက မပေးသင့်တဲ့ ပင်နယ်တီတွေပါ”လို့ ညည်းတွားစွာ ပြောခဲ့ပါတယ်။ နေမာကတော့ ဘရာဇီးလ်အသင်းအတွက် ဂိုးပေါင်း  ၆၄ ဂိုးထိသွင်းယူထားနိုင်ခဲ့တာကြောင့် ဘရာဇီးရဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ