နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ကြယ်ပွင့် လူငယ်တိုက်စစ်မှူးလေးက ယူ-၂၁ အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူ

အောက်တိုဘာ ၁၈


ယူရို ၂၀၂၁ ခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်ယူ-၂၁ နဲ့ တူရကီ ယူ-၂၁ တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းက လူငယ်တိုက်စစ်မှူးအက်ဒီအန်ခီတာယက်ဟာ ပင်နယ်တီကန်ခွင့်ရတဲ့အခွင့်အရေးကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေမယ့် ပွဲပြီးချိန် ၂ မိနစ်အလိုမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်သလို သူ့အတွက်လည်း စံချိန်သစ်တစ်ခုရရှိခဲ့ပါတယ်။ အန်ခီတာယက်ရဲ့ အနိုင်ဂိုးကြောင့် အင်္ဂလန်တို့အုပ်စု(၃) ရဲ့ အုပ်စုဗိုလ်နဲ့ အမှတ်ပြည့်ရကာ ဦးဆောင်ထားတဲ့အပြင် ယူရို ၂၀၂၁ ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ပါ ရရှိသွားပါတယ်။ အန်ခီတာယက်ဟာ အင်္ဂလန်ယူ-၂၁ နဲ့အတူ ခြေစစ်ပွဲ ၈ ပွဲမှာ ၁၁ ဂိုးအထိသွင်းခဲ့ပြီး ယူ-၂၁ ရဲ့ ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုး ၁၄ ဂိုးထိ ရရှိလာခဲ့ပါတယ်။ အင်္ဂလန် ယူ-၂၁ ရဲ့သမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ အလန်ရှီးယားနဲ့ ဖရန်ဆစ်ဂျက်ဖားတို့ဟာ ၁၃ ဂိုးစီသွင်းယူထားကြပါတယ်။ ဘောလုံးကစားသမားဘဝကနေ အနားယူထားတဲ့သူတို့ရဲ့စံချိန်ဟာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုအာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်သမားလေး အန်ခီတာယက်က ဒီစံချိန်တွေကို ၁၄ ဂိုးနဲ့ ကျော်ဖြတ်ကာ စံချိန်သစ်စိုက်ထူလိုက်ပါပြီ။ အန်ခီတာယက်က “ဒါဟာ တကယ့်အံ့မခန်းပါ။ ဒီစံချိန်ကို ကျော်ဖြတ်ဖို့နဲ့ သွင်းဂိုးအများဆုံးစာရင်းမှာသူတို့နဲ့အတူ ရပ်တည်နိုင်ခဲ့တာဟာ ကျွန်တော့်အတွက်တော့ အိပ်မက်တွေ လက်တွေ့ဖြစ်လာတာပါ”လို့ ပြောခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ