နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်

အောက်တိုဘာ  ၁၈


မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ပေါ့ဂ်ဘာသည် နိုင်ငံတကာပွဲစဉ်ကစားပြီး အင်တာဗျူးတစ်ခု၌ ယင်းအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကစားပေးရန်ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပြီးနောက် မန်ယူအသင်းက ယင်းကိုစာချုပ်သက်တမ်း တိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် လာမည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ကမ်းလှမ်းမှုများပြုလုပ်သွားဖွယ်ရှိနေသည်။

ထို့ကြောင့် မန်ယူအသင်းက ပေါ့ဂ်ဘာနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီချက်အရ ကစားသမား ဘက်မှ ဆန္ဒမရှိခဲ့လျှင်လည်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခွင့်ရှိသည့် သဘောတူညီချက်ကို အသုံးချ သွားရန် စီစဉ်နေခြင်းဖြစ်သည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်အရ အသင်းကဆန္ဒရှိပါက ယင်းအနေဖြင့် ၂၀၂၃ ခုနှစ်ထိ စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။                   (သူရိန်)






အခြားဆက်စပ်သတင်းများ