နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ပွဲစဉ်မှာ အဓိက ကစားသမားများ မပါဝင်နိုင်တာကြောင့် PSG ကံဆိုးပြီး မန်ယူကံကောင်းမှာလား

အောက်တိုဘာ ၁၈


ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုကြပ်အသင်းတွေထဲက မန်ယူနဲ့ PSG အသင်းတို့လာမယ့် ဗုဒ္ဓဟူးနေ့ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာပါ။ PSG နည်းပြတူချယ်က မန်ယူကစားသမားဟောင်း အန်ဒါ ဟာရဲရားမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတာကြောင့် ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လွဲချော်မှာဖြစ်ကြောင်းနဲ့ အခြား ကစားသမားတွေမှာလည်း ဒဏ်ရာပြဿနာတွေရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဟာရဲရားဟာ PSG ရဲ့ အဓိကကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားနေသူပါ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ရာမှာလည်း ဟာရဲရားက အဓိကမောင်းနှင်အားရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဟာရဲရားမပါနိုင်တာ တူချယ်အတွက်တော့ ကြီးမားတဲ့အခက်အခဲကြီးတစ်ခုပါ။ နောက်အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗာရက်တီကလည်း ဒဏ်ရာရရှိနေတာကြောင့် ပါဝင်လာဖွယ်မရှိပါဘူး။ ဗာရက်တီနဲ့ ဟာရဲရားတို့ရဲ့ ကွင်းလယ်အတွဲအဖက်နဲ့ အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပေမယ့် ခုတော့ တူချယ်မှာ ကွင်းလယ် ၂ ဦးစလုံးမပါဝင်နိုင်တာကြောင့် ဒုက္ခတွေ့နေရပါတယ်။ တစ်ခါ တိုက်စစ်အပိုင်းမှာကလဲ အိုင်ကာဒီ၊ ဒရက်ဇယ်လာ၊ ခံစစ်ပိုင်းက မားကွင်းဟို့စ်၊ သီယာလိုခါးရ်အစရှိတဲ့ ကစားသမားတွေလည်း ဒဏ်ရာ တွေအသီးသီးရှိနေတာကြောင့် ဒီပွဲကို လွဲချော်မှာပါ။ PSG  မှာနေမာ၊ အမ်ဘာပေတို့ ရှိပေမယ့် ကာဗာနီ၊ သီယာဂို ဆေးဗားလ်တို့နဲ့ ချူပိုမိုတင်တို့ ပြောင်းရွှေ့သွားကြပြီးဖြစ်တာကြောင့် အဲဗာတန်ကအငှားခေါ်ထားရတဲ့ ဗွိုက်စ်ကိန်းကိုသာ ထိပ်သီးနှစ်ယောက်နဲ့ တွဲဖက်ကစားစေပြီး ကွင်းလယ်နဲ့ခံစစ်ကိုတော့ ကျန်ရှိတဲ့ ကစားသမားများနဲ့သာ ကစားသွားရမှာဖြစ်တာကြောင့် PSG အတွက်တော့ တော်တော်ကံဆိုးနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ PSG ကံဆိုးသလောက် ပြိုင်ဖက်မန်ယူတို့ကံကောင်းမလားဆိုတာတော့ စောင့်ကြည့်မှ သိရမှာပါ။   (SO)






အခြားဆက်စပ်သတင်းများ