နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးတွေများများသွင်းဖို့ထက် အသင်းအနိုင်ရရှိရေးကိုသာ ဦးစားပေးတော့မယ့် မက်ဆီ

အောက်တိုဘာ ၁၈


အာဂျင်တီးနားနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ La Garganta Poderosa မဂ္ဂဇင်းတို့တွေ့ဆုံရာမှာ မက်ဆီက “ဒီနေ့မှာ ကျွန်တော်ဂိုးသွင်းယူနိုင်စွမ်းနည်းပါးနေပါတယ်။ အသင်းအတွက် ကျွန်တော်အကောင်း ဆုံး လုပ်ပေးဖို့ကိုပဲ အားထုတ်ကြိုးပမ်းနေတာပါ။ ဂိုးသွင်းယူဖို့ထက် အသင်းအနိုင်ရဖို့ကိုပဲ စိတ်အားထက်သန် နေပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။ မက်ဆီဟာ ဘလွန်ဒီအော ဆု ၆ ကြိမ်ရရှိပြီးဖြစ်ပါတယ်။ မက်ဆီက တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအဖြစ် အီကွေဒေါ၊ ဘိုလီးဗီးယားတို့နဲ့ကစားခဲ့ပြီး အီကွေဒေါနဲ့ ပွဲမှာ ပင်နယ်တီကတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီဘာစီလိုနာ အတွက် ၃ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူထားကာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ဂိုးသာရရှိထားပါတယ်။ ဒါဟာ မက်ဆီအတွက် သွင်းဂိုးတွေနည်းနေတယ်လို့ ဆိုရမှာပါ။ ခုတော့ မက်ဆီက သူရဲ့အဓိကတာဝန်မှာ ဂိုးတွေသွင်းယူဖို့မဟုတ်တော့ဘဲ အသင်းအနိုင်ရရှိရေးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။                     (SO)






အခြားဆက်စပ်သတင်းများ