နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီဖောင်ဒေးရှင်းက ပြည်ပမှ ဒေါ်လာနှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများဝယ်ယူမည်

ရန်ကုန်၊  အောက်တိုဘာ  ၁၈


ဧရာဝတီဖောင်ဒေးရှင်းက ပြည်ပမှ ဒေါ်လာနှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများဝယ်ယူရန်ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးခုတင်  ၁၂၅၀ ၊ ICU/HDU ခုတင်  ၂၀ဝ၊ ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာနှစ်သန်းဖိုး ဝယ်ယူတင်သွင်းသွားမည်ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။ 

ထိုကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာ အုပ်စုမှ အမေရိကန်ဒေါ်လာ နှစ်သန်းကို ဧရာဝတီ ဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရက်သတ္တ သုံးပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ခုတင် ၁၀ဝ၀  နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း  ၇၀ဝ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် လက်ရှိအချိန်ထိ စေတနာရှင်အားလုံး၏ လှူဒါန်း ငွေကျပ်  ၁ ဒသမ ၄ ဘီလျံနှင့် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန် ပစ္စည်းလှူဒါန်းမှု  ၁ ဒသမ ၁ ဘီလျံကို လက်ခံရရှိခဲ့ရာ အလှူရှင်များ၏ လှူဒါန်းမှု အစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်ဇော်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် COVID-19 ပထမလှိုင်းတွင် ကျပ် ၃ ဒသမ ၅ ဘီလျံနှင့် ဒုတိယလှိုင်းအတွက် ကျပ် ၅ ဒသမ ၅ ဘီလျံ စုစုပေါင်း ကျပ်  ၉ ဘီလျံ လှူဒါန်းခဲ့ပြီး အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှု ကျပ်  ၂ ဒသမ ၅ ဘီလျံကိုလည်း လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။                                         မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ