နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Modelling နှင့် ပတ်သက်သည်များကို တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်လေ့လာနေသည့် မေမြတ်နိုး

ရန်ကုန်  အောက်တိုဘာ  ၁၈


မေမြတ်နိုးက စင်ကာပူနိုင်ငံရှိ Basic Models Agency မှတစ်ဆင့် JS Agency ကို Placement Model အနေဖြင့် ပထမဆုံးအကြိမ်လွှတ်ခြင်းခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံရှိ JS Agency တွင် Modelling နှင့် ပတ်သက်သည်များကို လေ့လာနေသူဖြစ်သည်။ 

တောင်ကိုရီးယားသို့ရောက်ရှိနေသည့် မေမြတ်နိုးက ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ကျရောက် သည့် ယင်း၏မွေးနေ့တွင် ကိုယ်တိုင်အလှူအတန်းများ လုပ်ခွင့်မရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်နေ သော်လည်း မြန်မာနိုင်ငံရှိ မိခင်ဖြစ်သူက မွေးနေ့အတွက် အလှူအတန်းများ ပြုလုပ်ပေးခဲ့သည်။ 

“မြန်မာပြည်မှာဆိုရင် မြတ်နိုးရဲ့ မွေးနေ့တိုင်းကို AIDS ရောဂါပိုးရှိတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေ ကျောင်းကို သွားပြီးတော့ လှူဖြစ်တယ်။ ဒီနှစ်တော့ မြတ်နိုးမရှိပေမယ့် မေမေက ကိုယ်စားပြု လုပ်ပေးထား တယ်။ အဲဒီအတွက် နည်းနည်းလေး စိတ်ချမ်းသာတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ချင်တာပါ။ မြန်မာပြည်က COVID အခြေအနေကြောင့် အပြင်လည်း မထွက်ကြဖို့ တိုက်တွန်းပါရစေ"ဟုလည်း ဆက်လက်ပြောပြထားသည်။ 

မေမြတ်နိုးက မြန်မာနိုင်ငံတွင်းသာမက ပြည်ပတွင်ပါ အနုပညာလှုပ်ရှားမှုများလုပ်ကိုင်နိုင်ရန် ကြိုးစား နေသူတစ်ဦးလည်းဖြစ်သည်။ မေမြတ်နိုးက ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်များ စတင်အားပေးလာခဲ့ကြပြီးနောက် Miss Asia Pacific World 2014 ၏ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်များနှင့်အတူ ''Invincible''  ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ