နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်၏ Labour ပါတီ သောင်ပြိုကမ်းပြို အနိုင်ရ

အောက်တိုဘာ  ၁၈၊ ဝယ်လင်တန်


နယူးဇီလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်၏ Labour ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ မဲအားလုံး ရေတွက်ပြီးစီးချိန်တွင် ဂျေစင်ဒါအာဒန်၏ ဗဟိုလက်ဝဲယိမ်း  Labour ပါတီက မဲအရေအတွက် ၄၉ ဒသမ ၁ ရာခိုင်နှုန်း အနိုင်ရခဲ့ရာ လွှတ်တော်အမတ်နေရာ ၆၄ နေရာ ရရှိမည်ဖြစ်ပြီး ကြုံတောင့်ကြုံခဲအနေဖြင့် လွှတ်တော်တွင် အမတ်နေရာအများစု ကိုယ်စားပြုခွင့် ရရှိခဲ့သည်။ 

နယူးဇီလန်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် ဗဟိုလက်ယာယိမ်း National ပါတီက မဲအရေအတွက် ၂၆.၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး အမတ်နေရာ ၁၂၀ ရှိသည့် နယူးဇီလန်လွှတ်တော်တွင် အမတ်နေရာ ၃၅ နေရာ ရရှိခဲ့သည်။ နယူးဇီလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲကို စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် တစ်လ ရွှေ့ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်စနေနေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၃ ရက်က စတင်ခဲ့သည့် ကြိုတင်မဲပေးမှုတွင် လူတစ်သန်းကျော်က ကြိုတင်မဲပေးခဲ့ကြသည်။ '' Labour ပါတီက နှစ် ၅၀ နီးပါးအတွင်း အကြီးမားဆုံး ထောက်ခံအားပေးမှု ရရှိခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ကျွန်မတို့ကို ပြည်သူတွေ သေချာပေါက် ထောက်ခံအားပေးမှာပဲလို့ အပိုင်မတွက်ထားပါဘူး။ ကျွန်မတို့ပါတီက နယူးဇီလန်နိုင်ငံသားတိုင်းကို အုပ်ချုပ်ပေးမယ့် ပါတီတစ်ခု ဖြစ်လာမယ်ဆိုတာတော့ ကျွန်မ ကတိပေးနိုင်ပါတယ်" ဟု ဂျေစင်ဒါအာဒန်က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ