နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လည်ဘူးမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

ပင်လယ်ဘူး အောက်တိုဘာ ၁၇

အောက်တိုဘာ ၁၆ ရက်၊ ည ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ငေှာချယ်ကျေးရွာအနီးတွင် ထွန်းခင် မောင်းနှင်ပြီး မောင်ဦး(ခ)ခင်မောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ထွန်းခင်၏လွယ်အိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ ည ၁၁ နာရီခွဲအချိန်တွင် ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်း ကျေးရွာနေ ထွန်းခင်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၁၁ ကီလို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းခင်(၅၁)နှစ်၊ မောင်ဦး(ခ)ခင်မောင်(၇၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ