နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅,၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ပုသိမ်ကြီး အောက်တိုဘာ ၁၇

 အောက်တိုဘာ ၁၅ ရက်၊ ည ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊(၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် အတာဦး(ခ) ချက်ဖောင်း မောင်းနှင်လာသည့် FOTON အမျိုးအစားမော်တော်ယာဉ်နှင့် အဆိုပါမော်တော်ယာဉ်မှ ကြိုးဖြင့်ဆွဲလာသော နေမင်းထွန်း(ခ)ကန်ချား လိုက်ပါလာသည့် HYUNDAI အမျိုးအစားမော်တော်ယာဉ် တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် နေမင်းထွန်း(ခ)ကန်ချားမှာ ထွက်ပြေးသွားသဖြင့် ၎င်းယာဉ်(၂)စီးအား စစ်ဆေးရှာဖွေရာ HYUNDAI အမျိုးအစားမော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၄၆ ကီလိုသိမ်းဆည်း ရမိခဲ့ပါသည်။

ကွင်းဆက်သတင်းအရ ည ၁၁ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မြတ်လေးလမ်း၊ မ-စ/၄၈ နေ စည်သူအောင် အားလည်းကောင်း၊ ၂၃၄၅ အချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ မြတ်လေးလမ်း၊ မ-စ/၁၉ နေ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော အားလည်းကောင်း၊ အောက်တိုဘာလ  ၁၆ ရက်နေ့ ၁၄၃၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ ၆ လမ်းဆုံအနီး၌ ကျော်မိုးနိုင်(ခ) အငယ်လေး အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် အတာဦး(ခ)ချက်ဖောင်း(၃၂)နှစ်၊ စည်သူအောင် (၃၈)နှစ်၊ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော(၄၂)နှစ်၊ ကျော်မိုးနိုင်(ခ)အငယ်လေး(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ