နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Wonder Woman (1984) ဇာတ်ကားတွင် မင်းသမီး ဂဲဂါးဒေါ့ အနုပညာကြေး ဒေါ်လာ ၁၀ သန်းရရှိ

အောက်တိုဘာ  ၁၇

Wonder Woman (1984) ဇာတ်ကားအတွက် မင်းသမီး ဂဲဂါးဒေါ့ရရှိခဲ့သည့် အနုပညာကြေးမှာ အမေရိကန် ဒေါ်လာ ၁၀ သန်းထိရှိခဲ့ပြီး Wonder Woman (2017) ဇာတ်ကားအတွက် ရရှိခဲ့သော အနုပညာကြေးထက် ၃၃ ဆ ပိုမြင့်မားကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထိရရှိခဲ့သော Wonder Woman (2017) ဇာတ်ကားတွင် မင်းသမီး ဂဲဂါးဒေါ့သည် အနုပညာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ သာရရှိခဲ့ရာ အမျိုးသမီး သရုပ်ဆောင်တစ်ဦးအတွက် အငြင်းပွားဖွယ် ဝင်ငွေဖြစ်ခဲ့သည်။
မာဗယ်စတူဒီယို၏ စူပါဟီးရိုးဇာတ်ကားများ၌ စူပါဟီးရိုးများအဖြစ် ပါဝင်သရုပ်ဆောင်ကြသူများမှာ အမေရိကန်ဒေါ်လာ နှစ်သန်းနှင့် ခြောက်သန်းကြား ရရှိခဲ့ချိန်တွင် Wonder Woman (2017) စူပါဟီးရိုး မင်းသမီး ဂဲဂါးဒေါ့မှာ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ သာရရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် Wonder Woman (2017) ဇာတ်ကား၏ အောင်မြင်မှုသည် မင်းသမီး ဂဲဂါးဒေါ့ကို ဟောလိဝုဒ်၏ အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးအဖြစ် တွန်းပို့ပေးနိုင်ခဲ့ပြီး Wonder Woman (1984) တွင် မင်းသမီး ဂဲဂါးဒေါ့သည် Wonder Woman (2017) ဇာတ်ကား အနုပညာကြေးထက် ၃၃ ဆ ပိုများသော အနုပညာကြေးကို ရရှိခဲ့ခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ