နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနုပညာသက်တမ်း (၂၉) နှစ်ကြာ ရပ်တည်နိုင်ခဲ့သည့် အကယ်ဒမီ ခင်ဇာခြည်ကျော်

ရန်ကုန်  အောက်တိုဘာ  ၁၇

အကယ်ဒမီ သရုပ်ဆောင်ခင်ဇာခြည်ကျော်က ၁၉၉၁ ခုနှစ်တွင် အသက်က (၁၅) နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်မှာ အနုပညာသက်တမ်း ၂၉ နှစ်ရှိပြီဖြစ်သည်။

“ခရာဒါဒါ” ဆိုသည့် ဗီဒီယိုဇာတ်ကားထဲတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း “ဖြူနီညိုပြာ” TV ဇာတ်လမ်းရိုက်ကူးချိန်မှစ၍ ပရိသတ် အားပေးမှုကို ရရှိလာခဲ့သူဖြစ်သည်။
အကယ်ဒမီ ခင်ဇာခြည်ကျော်က ရုပ်ရှင် နှစ် (၁၀၀) ပြည့်အတွက် ဂုဏ်ပြုစကားပြောကြားပြီး ယင်း၏ အနုပညာသက်တမ်း (၂၉) နှစ်အတွင်း ဖြတ်သန်းလာရသည့် အခြေအနေတချို့ကို ပြောပြခဲ့သည်။

အနုပညာသက်တမ်း (၂၉) နှစ်အတွင်းမှာပင် “ငါ သူတစ်ပါး ယောက်ျား မိန်းမ” ဆိုသည့် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုရရှိခဲ့ပြီး အဆိုပါဇာတ်ကားကြီးမှာပင် ယင်း၏ မိခင်ဖြစ်သူက ရုပ်ရှင်ဇာတ်ကားဆုကို ဆွတ်ခူးခဲ့သဖြင့် မိခင်ဖြစ်သူနှင့်အတူတူ စင်ပေါ်တွင် ဆုတက်ယူခဲ့ရသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ယင်းကပြောထားသည်။  
ယခုအခါ ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်နေရသည့် မင်းသမီးချောတစ်ယောက်ဖြစ်ပြီး ယင်း၏သားဖြစ်သူ ဘုန်းမင်းနေလနှင့် သမီးငယ် ထင်သစ္စာတို့ကလည်း အနုပညာလောကထဲသို့ ကြော်ငြာများ စတင်ရိုက်ကူးပြီး ဝင်ရောက်လာကြပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ