နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် USAID မှ စီမံကိန်းအသစ် ဆောင်ရွက်မည်

ရန်ကုန် အောက်တိုဘာ ၁၇

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)အနေနှင့် မြန်မာနိုင်ငံရှိ NGO အဖွဲ့တစ်ခု ဖြစ်သော ပြည်ကြီးခင်အဖွဲ့နှင့် ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းအသစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

USAID Local Action Toward TB-Free Myanmar ဟုခေါ်သော အဆိုပါစီမံကိန်းအသစ်ကို မြန်မာနိုင်ငံ တွင် ၃ နှစ်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး တီဘီရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်ရပ် လည်းဖြစ်ကြောင်း USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး Aler Grubbs က ပြောသည်။

ထို့အပြင် မြန်မာပြည်သူလူထု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများရှာဖွေနိုင်ရေး၊ လူမှုအသိုင်းအဝန်းများတွင် စွမ်းဆောင်ရည်များ မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသခံအဖွဲ့အစည်းများနှင့် မိတ်ဖက် ဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက်လည်း USAID မှ အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း ယင်းကပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက်အရ USAID Local Action Toward TB-Free Myanmar စီမံကိန်း သစ်၏ လုပ်ငန်းများကို လွန်ခဲ့သော ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် USAID အဖွဲ့ကြီးမှ ဆောင်ရွက်နေသော တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအပေါ် တွင် အခြေခံကာ မြန်မာနိုင်ငံရှိ NGO အဖွဲ့တစ်ခုဖြစ်သော ပြည်ကြီးခင် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါကူးစက်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တိုးတက်မှုများရရှိနေပြီး လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကူးစက်မှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် တီဘီဆေးယဉ်ပါးမှု ပြဿနာကြောင့် မြန်မာနိုင်ငံတွင် တီဘီရောဂါသည် သေဆုံးမှုအများဆုံး ရောဂါ ၁၀ မျိုးထဲတွင် ပါဝင်နေသေးကြောင်း သိရသည်။   

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ