နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှားစောင်းလက်ပပ်အဝယ် ရေနံချောင်းမြို့နယ်၌ အဝယ်အေးနေ

ရေနံချောင်း အောက်တိုဘာ ၁၆


ပရဆေးကုန်ကြမ်းဖြစ်သော ရှားစောင်းလက်ပပ်များ သြဂုတ်လမှစ၍ ယခုတစ်ပတ်အထိအဝယ်အေးလျက်ရှိကြောင်း မကွေးတိုင်းဒသကြီး၊ ရေနံချောင်းမြို့နယ်မှ ရှားဆောင်းလက်ပပ်ပင်စိုက်သူအချို့ထံက စုံစမ်း သိရှိရသည်။

ရေနံချောင်းမြို့နယ်ရှိ ရပ်ကွက်များနှင့်ကျေးရွာအချို့တွင် နေအိမ်ခြံဝင်း၌ တစ်ပိုင်တစ်နိုင်စိုက်ကြရာ နှစ်စဉ် ရှားစောင်းလက်ပပ်ပင်အကြီးအသေး၊ စိုက်ပင်အရေအတွက် အနည်းအများကိုမူတည်၍ အနိမ့်ဆုံး ကျပ် ၁၅၀၀၀ ကနေ ကျပ် ၂၅၀၀၀ အထိ ဝယ်ယူခဲ့ကြရာအပိုဝင်ငွေရရှိကြောင်းစိုက်ပျိုးသူအမျိုးသား တစ်ဦးက ပြောသည်။

''ယခုနှစ်မှာ နှစ်လခန့်ကြာပြီ ရှားစောင်းလက်ပပ်အပင်ဝယ်သူ မရှိဘူးဖြစ်နေတယ်။ အရင်ကမှတစ်လကို ပွဲစားသုံးလေးယောက်လာဝယ်တယ်၊ ဝယ်ရင်လည်းအပင်အရေအတွက် အနည်းအများ၊ ရှားစောင်းလက်ပပ်အကြီးအသေးကို မူတည်ပြီးဝယ်တယ်။ လက်ရှိကတော့ဝယ်သူမရှိဘူး''ဟု ဒေသခံ ကိုစိုးနိုင်က ပြောသည်။ ရှားစောင်းလက်ပပ်ကို ပရဆေးကုန်ကြမ်းအဖြစ် အသုံးပြုသည့်အပြင် ဒေသတွင်း ၌ဆေးဖက်ဝင်အဖြစ်အသုံးပြု၍ အနိမ့်ဆုံးအပင်သုံးဆယ်မှ အပင်ငါးဆယ်အထိစိုက်ကြကြောင်း အညာမြေရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးမြေသြဇာ၊ ရေလောင်းစရာမလို၍ စရိတ်စက သက်သာကြောင်း သိရသည်။

ဆန်းညွန့်-ရေနံချောင်း






အခြားဆက်စပ်သတင်းများ