နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ ကလော့အတွက် စိတ်ကျေနပ်စရာတိုက်စစ်မှူးလေး ဂျိုတာ

အောက်တိုဘာ  ၁၆


ပေါ်တူဂီတိုက်စစ်မှူးလေး ဂျိုတာဟာ ပထမပွဲအဖြစ် ပြင်သစ်နဲ့ပွဲမှာ မိနစ် ၃၀ လောက်သာ လူစားဝင် ကစားခဲ့ရပါတယ်။ ဒုတိယ ဆွီဒင်နဲ့ပွဲမှာတော့ အချိန်ပြည့်ပါဝင်ကစားခွင့်ရပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးနိုင်သလို သွင်းဂိုး ၂ ဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူးဂျိုတာ အထူးခြေစွမ်းပြ ဂိုးတွေ သွင်းခဲ့တာကြောင့် ပွဲပြီးမှ ပေါ်တူဂီတို့ ဆွီဒင်ကို ၃−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အသင်းရဲ့ ညာတောင်ပံ ကနေ ပွဲထွက်ကစားခဲ့တဲ့ ဂျိုတာဟာ တိုက်စစ်နေရာစုံရွှေ့ပြောင်းကစားသွားတာတွေ့ရပါတယ်။ သူဟာ တိုက်စစ် ကို ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေ ပြသခဲ့သလို အကောင်းဆုံးကစားသမားခြေစွမ်းမျိုးတွေပါ ပြသနိုင်တဲ့သူပါ။ တောင်ပံတစ်လျှောက် ပြေးနှုန်းမြန်မြန်နဲ့ ပြေးလွှားကစားရင်း ပြိုင်ဘက်တွေကြား ဘောလုံးကိုထိန်းထား နိုင်ကာ အသင်းဖော်တွေဆီအရောက်ပေးပို့နိုင်တဲ့သူပါ။ လူကျွံဘောထောင်ချောက်ကိုလည်း ဖောက်ထွက် ကစားနိုင်သူဖြစ်ပါတယ်။ ဘောလုံးစွမ်းရည်ကောင်းသလို အဆုံးသတ်သေချာတဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီမှာ ဖီလစ်၊ ဘာနာတို့လို ကစားသမားတွေထက် ဂျိုတာကပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်အောင် တောင်ပံ ကနေ စွမ်းဆောင်နိုင်တဲ့သူပါ။ လီဗာပူးရဲ့ မဲဝုဒ်မှာတော့ ဆာလက်နဲ့ မာနေးတို့ ကြံ့ခိုင်မှုကောင်းမွန်နေကြပါပြီ။ ဘရာဇီးလ်အသင်းမှာ ခြေစွမ်းတွေပြခဲ့တဲ့ မာနိုအပြင်ပေါ်တူဂီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေရှိနေတဲ့ ဂျိုတာပါကလပ်ကို ပြန်လည်ပူးပေါင်းတော့မှာဖြစ်တာကြောင့် မန်နေဂျာကလော့အတွက်တော့ ကျေနပ်စရာချည်းဖြစ်နေပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ