နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီး ၆ မြို့တွင် ၀န်ထမ်းအိမ်ရာအဆောက်အဦး ၁၂ လုံးအား အကောင်အထည်ဖော်တည်ဆောက်ပေးသွားမည်

ပဲခူး အောက်တိုဘာ ၁၆


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီး ၆ မြို့တွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦး ၁၂ လုံးကို အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ထုတ်ပြန်သတင်းများအရသိရသည်။ 

အဆိုပါ ၀န်ထမ်းအိမ်ရာအဆောက်အဦးများကို တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ဝေါ၊ ကျောက်တံခါး၊ တောင်ငူ၊ ရေတာရှည်နှင့်ပြည်မြို့များ တည်ဆောက်ပေးသွားမည်ဖြစ်သည်။ အဆိုပါ၀န်ထမ်းအိမ်ရာ အဆောက်အဦးများကို (၄)ခန်းတွဲ၊ (၄)ထပ်အဆောက်အဦးများအဖြစ် အကောင်အထည်ဖော်တည်ဆောက် ပေးသွားမည်ဖြစ်သည်။ အဆိုပါ ၀န်ထမ်းအိမ်ရာအဆောက်အဦးများကို ပဲခူးမြို့တွင်(၅)လုံး၊ ဝေါမြို့တွင်(၁)လုံး၊ ကျောက်တံခါးမြို့တွင် (၁)လုံး၊ တောင်ငူမြို့တွင်(၁)လုံး၊ ရေတာရှည်မြို့တွင်(၁)လုံးနှင့်ပြည်မြို့တွင် (၃)လုံး၊ စုစုပေါင်း(၁၂)လုံးတည်ဆောက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ပြည်မြို့ရှိ ရွှေဟင်္သာဝန်ထမ်းအိမ်ရာတွင် ပေ ၁၉၂၄ ပေရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့်ပေ ၁၁၄၄ ပေ အုတ်ရေမြောင်းတူးခြင်းလုပ်ငန်းနှင့် Box Culvert ၅ ခု တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ၀န်ထမ်းအိမ်ရာ အဆောက်အဦ စီမံကိန်းလုပ်ငန်းများကို တရားဝင်အသိအမှတ်ပြုလိုင်စင်ရ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် တင်ဒါ အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များကို အောက်တိုဘာလ ၁၂ ရက်မှ နို၀င်ဘာလ ၉ ရက် ညနေ ၄ နာရီခွဲ အချိန်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ တင်ဒါအဆိုပြုလွှာများကို နို၀င်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရုံးချိန်အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ တင်ဒါအဆိုပြုလွှာများနှင့် စည်းကမ်းချက်များကို ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးရုံး၊ ပဲခူးမြို့တွင် လူကိုယ်တိုင်သော်လည်းကောင်း၊ Online ဖြင့် bagoregionduhd@ gmail.com ဖြင့်လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်သည်ဟုဆိုသည်။ အသေးစိတ်အချက်အလက်များကို ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရှင်စောပုဝန်ထမ်းအိမ်ရာဝင်း၊ ရှင်စောပုလမ်းပဲခူးမြို့ ဖုန်း-- ၀၅၂-၂၂၀၀၁၁၇သို့ဆက်သွယ်စုံစမ်းနိုင်သည်ဟု ဆိုသည်။ 

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ