နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ရောက် မြန်မာ ၅၉၀၀ ကျော် ကြိုတင်ဆန္ဒမဲပေးခဲ့

ရန်ကုန်၊  အောက်တိုဘာ  ၁၆


ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မဲရုံပိတ်သိမ်းသည့်နေ့အထိ ကြိုတင်ဆန္ဒမဲပေးခဲ့သူဦးရေ ၅၉၀၀ ကျော် လာရောက်မဲပေးခဲ့ကြရာ ဂျပန်နိုင်ငံရှိ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ၏ ၇၂ ဒသမ ၇၂ ရာခိုင်နှုန်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရန်အတွက် တိုကျိုမြို့၊ မြန်မာသံရုံးရှိ မဲရုံကို အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်ထိဖွင့်လှစ်ခဲ့သည့်အပြင် နာဂိုရာမြို့၊ မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးရှိ မဲရုံကိုလည်း အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖွင့်လှစ်ပေးခဲ့သည်။

ယခုကဲ့သို့ ဂျပန်ရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံနှစ်ရုံခွဲ၍ ဖွင့်လှစ်ပေးခဲ့ ရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးရှိ မဲရုံ ပိတ်သိမ်းသည့်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ ၅၉၃၅ ဦးရှိခဲ့သည်ဟု မြန်မာသံရုံး(တိုကျို)မှ ထုတ်ပြန်ထားသည်။

မြန်မာသံရုံး(တိုကျို)အနေဖြင့် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်မဲပေးခွင့် ပုံစံ(၁၅)ဖြင့် တောင်းခံသူ ၈၅၉၄ ဦး စိစစ်လက်ခံရရှိခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်ပြီး အတည်ပြုပြန်ကြားလာသည့် ဆန္ဒမဲပေးခွင့်ရှိသူ ၈၁၆၂ ဦးရှိသည်ဟု သံရုံးက ပြောသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲပေးခွင့်ရှိသူဦးရေ ၃၇ သန်းကျော်ရှိကြောင်း သိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ