နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသားအားလုံးကို ယင်းနည်းတူ ကုသမှု ရရှိစေလိုသည်ဟု ဒေါ်နယ်ထရမ့် ပြော

အောက်တိုဘာ  ၈၊ ဝါရှင်တန်


COVID-19 ရောဂါပိုး ကူးစက်ခံရသည့် အမေရိကန်နိုင်ငံသားအားလုံးကို ယင်းနည်းတူ ကုသမှု ရရှိစေလိုသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိပြီး ရက်သတ္တပတ်မပြည့်မီ ဒေါ်နယ်ထရမ့်က သမ္မတတာဝန် ပြန်လည်ထမ်းဆောင်ခဲ့ပြီး မက္ကဆီပင်လယ်ကွေ့တွင် ဟာရီကိန်းမုန်တိုင်း ဒယ်တာ(Hurricane Delta) ဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ဘဲဥပုံရုံးခန်းတွင် စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့သည်။


ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါလက္ခဏာများ ခံစားခဲ့ရခြင်းမရှိသကဲ့သို့ အဖျားဝေဒနာ မခံစားရသည်မှာလည်း လေးရက်ကျော် ရှိလာပြီဟု သမားတော် ရှောင်ကွန်လေက ပြောသည်။


ဒေါ်နယ်ထရမ့်ကို Regeneron Pharmaceuticals ကုမ္ပဏီ၏ antibody cocktail (ပဋိပစ္စည်း စပ်ကုထုံး) နှင့် ကုသပေးခဲ့ခြင်းဖြစ်သည်။ antibody cocktail မှာ COVID-19 ရောဂါမှ ပြန်သက်သာလာသူ၏ ပဋိပစ္စည်းနှင့် လူ့ကိုယ်ခံအားစနစ်ဖြစ်အောင် ဖန်တီးထားပြီး COVID-19 ရောဂါပိုး၏ Spike Protein ( ဆဲလ်ထဲကို ထိုးဖောက်ပြီး ရောဂါကူးစက်စေတဲ့ ပရိုတိန်းအတက်) ထိုးသွင်းထားသည့် ကြွက်၏ ပဋိပစ္စည်းကို ပေါင်းစပ်ထားသည့် ကုထုံးဖြစ်သည်။


အဆိုပါကုထုံးမှာ ရောဂါလက္ခဏာသာ သက်သာစေမည့်နည်းလမ်းမဟုတ်ဘဲ ရောဂါ လုံးဝပျောက်ကင်းစေမည့် ကုသနည်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ထို့အပြင် Regeneron Pharmaceuticals ဆေးဝါးကုမ္ပဏီထံမှ ဆေးအဖုံ သိန်းချီနီးပါး မှာယူထားပြီး အမေရိကန်နိုင်ငံသားများ အခမဲ့ ကုသခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ သို့သော် Regeneron Pharmaceuticals ကုမ္ပဏီ၏ ဆေးဝါးများကို ပြည်ထောင်စုစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ခွင့်ပြုချက်ပေးခြင်း မရှိသေးပေ။


COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို သတိပေးခဲ့သည်။  '' COVID-19 ရောဂါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေ ဘာမှပေးစရာမလိုဘူး။ ဒီလိုဖြစ်လာတာ ခင်ဗျားတို့ရဲ့အမှားကြောင့် မဟုတ်ဘူး။ ဒါက တရုတ်နိုင်ငံရဲ့အမှားကြောင့် ဖြစ်ရတာပါ။ ဒီတော့ တရုတ်နိုင်ငံက ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။ ဒါက တရုတ်နိုင်ငံရဲ့ အမှားပဲ"ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ