နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာသင်ခန်းအတွင်း ဟောင်ကောင်မြို့လွတ်လပ်ရေးအကြောင်းအရာများ ဆွေးနွေးခဲ့ခြင်းကြောင့် မူလတန်းကျောင်းဆရာ၏ စာသင်ကြားခွင့်လိုင်စင်ကို ရုပ်သိမ်း

အောက်တိုဘာ  ၇၊ ဟောင်ကောင်


စာသင်ခန်းအတွင်း ဟောင်ကောင်မြို့ ကိုယ်ပိုင်လွတ်လပ်ရေးအကြောင်းအရာများ အသားပေး သင်ကြားခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဟောင်ကောင်မြို့ရှိ မူလတန်းကျောင်းဆရာတစ်ဦးကို စာသင်ကြားခွင့်လိုင်စင် ရုပ်သိမ်းခဲ့သည်။ ကော်လွန်တုန်းခရိုင်ရှိ မူလတန်းကျောင်းမှ ဆရာတစ်ဦးမှာ သင်ကြားရေးအထောက်အကူပြု ကိရိယာများတွင် ဟောင်ကောင်မြို့ ကိုယ်ပိုင်လွတ်လပ်ရေးကို အသားပေးသည့် အရာများ အသုံးပြုခဲ့ပြီး ဟောင်ကောင်မြို့ ကိုယ်ပိုင်လွတ်လပ်ရေး အကြောင်းအရာကို ကျောင်းသား/သူ များနှင့် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။


ဟောင်ကောင်မြို့ ပညာရေးစနစ်မှ ပန်းသီးပုပ်များကို ဖယ်ရှားပစ်နိုင်ရန် အရေးကြီးသည်ဟု ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ပြောသည်။ ဟောင်ကောင်မြို့ရှိ ကျောင်းများမှာ တရုတ် ကွန်မြူနစ်ပါတီကို အတိုက်အခံလုပ်ကြရန် အားပေးအားမြှောက်လုပ်နေသည်ဟု တရုတ်နိုင်ငံမှ အရာရှိများက ယုံကြည်နေသည်။


သို့သော် ဟောင်ကောင်မြို့ အာဏာပိုင်များက မမျှတသည့် စုံစမ်းစစ်ဆေးမှုလုပ်ခဲ့သည်ဟု ဟောင်ကောင်မြို့၏အကြီးဆုံး ကျောင်းဆရာ/ဆရာမများ သမဂ္ဂက စွပ်စွဲခဲ့သည်။ မူလတန်းကျောင်းဆရာကို သင်ကြားခွင့်လိုင်စင် ရုပ်သိမ်းခဲ့ခြင်းမှာ စာသင်ကျောင်းများတွင် နိုင်ငံရေးဆွေးနွေးခြင်းနှင့်ပတ်သက်၍ ကျောင်းဆရာ/ ဆရာမများကို ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။


'' ဒီကိစ္စက အရမ်းအရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့က ကိုယ်ပိုင်လွတ်လပ်ရေး၊ တရားဥပဒေနဲ့မကိုက်ညီတဲ့ တခြားအိုင်ဒီယာတွေကို စာသင်ကျောင်းတွေထဲ အဝင်မခံနိုင်ပါဘူး'' ဟု ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ပြောသည်။ ပြီးခဲ့သည့်ဇွန်လက ပြဋ္ဌာန်းခဲ့သည့် အငြင်းပွားဖွယ် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ ဟောင်ကောင်မြို့ ကိုယ်ပိုင်လွတ်လပ်ရေးကို လှုပ်ရှားခြင်းမှာ တရားမဝင်ပေ။      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ