နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွင်းနက်များအကြောင်း ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင် ၃ ဦးကို ရူပဗေဒဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်

 အောက်တိုဘာ  ၇၊ စတော့ဟုမ်း


တွင်းနက်များအကြောင်း ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်သုံးဦးကို ၂၀၂၀ ပြည့်နှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဗယ်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ '' အခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကတော့ စကြဝဠာရဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေအကြောင်း ဖော်ထုတ်မှု ဖြစ်ပါတယ်'' ဟု ပြီးခဲ့သည့်အင်္ဂါနေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပခဲ့သည့် ဆုပေးပွဲအခမ်းအနား၌ တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီ၏ အတွင်းရေးမှူး ဟန်ဆန်က ပြောသည်။


စတီဖင်ဟော့ကင်း မကွယ်လွန်မီက အလုပ်တွဲလုပ်ခဲ့ဖူးသည့် အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ ပင်ရို့စ်က အိုင်းစတိုင်း၏ နှိုင်းရသီအိုရီကို သက်သေပြပြီး တွင်းနက်များမှာ ဒြပ်ထုရှိသည့်အရာဖြစ်ရမည်ဆိုခြင်းကို ပြသနိုင်ခဲ့သည်။ ဂန်ဇယ်နှင့် ဂက်ဇ်တို့မှာ နဂါးငွေ့တန်းဟု ခေါ်ဆိုကြသည့် လူသားများ၏ နေစကြဝဠာဗဟိုချက်ရှိ ဧရာမတွင်းနက်ကြီးကို ရှာဖွေတွေ့ရှိခဲ့သည်။


'' ပင်ရို့စ်၊ ဂန်ဇယ်နဲ့ ဂက်ဇ်တို့က တွင်းနက်တွေက အံ့ဩဖို့ကောင်းလွန်းတယ်။ သင်္ချာဗေဒရဲ့ လျှို့ဝှက်ဆန်းကျယ်မှုဖြစ်တယ်၊ အမှန်တကယ် တည်ရှိတယ်ဆိုတာ ကျွန်တော်တို့သိအောင် ပြသပေးနိုင်ခဲ့ပါတယ်''ဟု ယော့ခ်တက္ကသိုလ်၏ ဒဿနသဘာဝပါမောက္ခ တွမ်မက်လစ်ရှ်က ပြောသည်။                                                                                                 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ