နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကာဂျစ်စတန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

အောက်တိုဘာ  ၇၊ ဘစ်ရှ်ကက်


ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများကြောင့် နိုင်ငံရေးအရှုပ်အထွေးများ ဖြစ်ပွားခဲ့ပြီးနောက် ကာဂျစ်စတန်ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ယမန်နေ့တွင် ဆန္ဒပြသူများ ထောင်မှ လွှတ်ပေးခဲ့သည့် ဂျာပါရော့ဗ်က ကာဂျစ်စတန်ဝန်ကြီးချုပ် ဘိုရိုနော့ဗ်၏နေရာတွင် အစားထိုး တာဝန်ယူမည်ဖြစ်သည်။ အစောပိုင်းတွင် အတိုက်အခံအဖွဲ့များက လွှတ်တော်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး လွှတ်တော်ကို စီးနင်းထိန်းချုပ်ခဲ့ကြသည်။


ဆန္ဒပြသူများက အစိုးရအဆောက်အအုံများကို သိမ်းပိုက်ပြီး နာမည်ကြီးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီးနောက် ကာဂျစ်စတန်ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဂျာပါရော့ဗ်မှာ လွန်ခဲ့သည့် ၇ နှစ်က အတိုက်အခံနိုင်ငံရေးသမားများ၏ ဆန္ဒပြပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးကို ပြန်ပေးဆွဲခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် သမ္မတ ဂျင်ဘီကော့ဗ်၏ မဟာမိတ်ပါတီများသာ မဲအများစု ရရှိခဲ့ခြင်းကြောင့် မဲဝယ်ယူမှုများရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ ဖိအားများပြားလာချိန်တွင် ကာဂျစ်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းခဲ့သည်။


သမ္မတဂျင်ဘီကော့ဗ်က အာဏာရှိနေဆဲဖြစ်သော်လည်း ယင်းအနေဖြင့် ရာထူးမှဆင်းပေးရန် အသင့်ရှိသည်ဟု အရိပ်အမြွက်ဆိုခဲ့သည်။ ယင်းအနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်သည့် ခေါင်းဆောင်များကို တာဝန်လွှဲပေးရန် အသင့်ရှိသည်ဟု ဆိုခဲ့သော်လည်း ယင်း၏စိတ်ထဲတွင် မည်သူ့ကို လျာထားကြောင်း ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။                                                                                                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ