နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် COVID-19 ကာကွယ်ဆေး အရင်ဆုံးထိုးပေးရမည့်သူစာရင်းကို အောက်တိုဘာလအကုန် နောက်ဆုံးထားပြုစုနေ

အောက်တိုဘာ  ၆၊ နယူးဒေလီ


အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အရင်ဆုံးထိုးပေးရမည့် လူစာရင်းကို အောက်တိုဘာလအကုန် နောက်ဆုံးထား၍ စာရင်းပြုစုနေပြီး လာမည့်နှစ် ဇူလိုင်လတွင် လူဦးရေ သန်း ၂၀၀ မှ သန်း ၂၅၀ အထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ပြင်ဆင်နေကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဗာဒန်က ပြောသည်။


လာမည့်နှစ်အစောပိုင်းတွင် ကာကွယ်ဆေး တစ်ခုမက ထိုးနှံခွင့်ရရှိလာမည်ဟု တွက်ဆပြီး ယခုကဲ့သို့ ပြင်ဆင်နေခြင်းဖြစ်သည်။ ယခုအချိန်အထိ အိန္ဒိယနိုင်ငံ စိတ်ဝင်စားနေသည့် ကာကွယ်ဆေးများတွင် ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုးသာ ခွင့်ပြုချက် ရရှိသေးသည်။ သို့သော် အဆိုပါဆေးကိုလည်း အိန္ဒိယနိုင်ငံတွင် ထိုးနှံခွင့်မပေးမီ စမ်းသပ်မှုများ လုပ်ရဦးမည်ဖြစ်သည်။


အိန္ဒိယအစိုးရက လာမည့်နှစ်ဇူလိုင်လတွင် COVID-19 ကာကွယ်ဆေးအဖုံ သန်း ၄၀၀ မှ သန်း ၅၀၀ အထိ ရရှိရေးအစီအစဉ်ကို လုပ်ဆောင်နေကြောင်း ဟာ့ရှ်ဗာဒန်က ပြောသည်။ လာမည့်နှစ် အစောပိုင်းတွင် ဈေးကွက်ထဲ ရောက်လာဖွယ်ရှိသည့် ကာကွယ်ဆေးအများစုက အနည်းဆုံး နှစ်ခေါက် ( နှစ်ဖုံ) ထိုးရမည့် ဆေးဝါးများဖြစ်ခြင်းကြောင့် အဖုံသန်း ၄၀၀၊ သန်း ၅၀၀ မှာယူမှသာ လူသန်း ၂၀၀ သို့မဟုတ် သန်း ၂၅၀ အတွက် လုံလောက်မည်ဖြစ်သည်။


လက်ရှိအချိန်အထိ စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့် (အဆင့် ၃) ရောက်ရှိနေသည့် ကာကွယ်ဆေးများတွင် တစ်ကြိမ်သာ ထိုးရမည့်ကာကွယ်ဆေးဆို၍ Johnson & Johnson ကုမ္ပဏီက ဖော်စပ်သည့် ဆေးဝါးတစ်မျိုးသာရှိသည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံက ဖော်စပ်နေသည့် ကာကွယ်ဆေး ၂ မျိုးမှာ စမ်းသပ်ထိုးနှံမှု အဆင့်(၂)ကို ရောက်ရှိနေပြီး စမ်းသပ်ထိုးနှံမှုရလဒ် ကောင်းခဲ့ပါက လာမည့်နှစ်အစောပိုင်းတွင် ဈေးကွက်ထဲ ရောက်ရှိလာနိုင်သည်။




အိန္ဒိယကုမ္ပဏီများက အိန္ဒိယနိုင်ငံမှာ ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးခွင့်အတွက် COVID-19 ကာကွယ်ရေးဖော်စပ်နေသည့် ကမ္ဘာ့ထိပ်တန်းဆေးဝါးကုမ္ပဏီ ၄ ခုနဲ့ သဘောတူစာချုပ်များ ချုပ်ဆိုထားသည်။                                                                                                                                Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ