နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေါင်းကိုက်ဝေဒနာခံစားနေရသူ၏ ဦးခေါင်းထဲမှ သန်ကောင်တွေ့ရှိ

အောက်တိုဘာ ၄၊ ဆစ်ဒနီ


ရက်သတ္တပတ်ကျော် ခေါင်းကိုက်ဝေဒနာခံစားရခဲ့သည့် သြစတြေးလျအမျိုးသမီးတစ်ဦး၏ဦးခေါင်းကို စစ်ဆေးရာတွင် သန်ကောင်ရှိနေကြောင်း တွေ့ရှိခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိသည့် အဆိုပါ အမျိုးသမီးမှာ ပြည်ပ ခရီးသွားရာဇဝင်မရှိဘဲ အဆိုပါရောဂါ ပထမဆုံး ခံစားခဲ့ရသည့်  သြစတြေးလျအမျိုးသမီးဖြစ်သည်။ ယခင်က အဆိုပါရောဂါ ခံစားခဲ့ရသူများမှာ ဦးနှောက်အတွင်း သန်ကောင်ဝင်ရောက်သည့်ရောဂါ အဖြစ်များသည့် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကနိုင်ငံများသို့ ခရိးသွားပြီး ပြန်ရောက်လာသူများ၊ အဆိုပါနိုင်ငံများမှ ဝင်ရောက်ခိုလှုံသူများဖြစ်သည်။ 

အဆိုပါအမျိုးသမီးမှာ ပြီးခဲ့သည့် ခုနစ်နှစ်လုံးလုံး တစ်လလျှင် ၂ ကြိမ်၊ ၃ ကြိမ် ခေါင်းကိုက်လေ့ရှိပြီး ဆရာဝန်ပေးသည့်ဆေးသောက်ပါက သက်သာသွားလေ့ရှိသည်ဟု ဆိုသည်။ သို့သော် ယခုနောက်ဆုံး အကြိမ်တွင် တစ်ပတ်ကျော် ခေါင်းကိုက်ပြီး အမြင်အာရုံပါ ဝေဝါးလာခဲ့သည်။ ယင်း၏ဦးခေါင်းကို MRI ရိုက်ချိန်တွင် အကျိတ်တွေ့ရလိမ့်မည်ဟု ဆရာဝန်များက ယုံကြည်ထားသော်လည်း သန်ကောင်များ ပြည့်နေသည့် ပြည်အိတ်ကို တွေ့ရှိခဲ့သည်။ အဆိုပါပြည်အိတ်ကို ဆရာဝန်များက ဖယ်ရှားပေးခဲ့ပြီးနောက် အမျိုးသမီး၏ ခေါင်းကိုက်ဝေဒနာအတွက် ထပ်မံကုသပေးစရာ လိုအပ်တော့မည်မဟုတ်ဟု ဆိုသည်။ 

ဦးနှောက်အတွင်း သန်ကောင်ပါသည့် ပြည်အိတ်တည်ခြင်းကြောင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာ များခံစားရခြင်းကို neurocysticercosis အာရုံကြောအတွင်း ကပ်ပါးပိုးဝင်သည့်ရောဂါဟု ခေါ်ဆိုလေ့ရှိသည်။ အူလမ်းကြောင်းအတွင်း သန်ကောင်ရှိသည့် လူ၏အညစ်အကြေးတွင် တွေ့ရလေ့ရှိသည့် ဥများကို မြိုချမိပါက ကပ်ပါးရောဂါပိုးကူးစက်မှုကြုံရလေ့ရှိသည်ဟု အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC) က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ