နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စတိုးဆိုင်များမှ ကုန်ပစ္စည်းများခိုးပြီး eBay တွင် ပြန်လည်ရောင်းချခဲ့သည့် အမျိုးသမီးကို ထောင်ဒဏ် ၅၄ လ ချမှတ်

အောက်တိုဘာ ၄၊ ဆစ်ဒနီ


ဒေါ်လာသန်းချီတန်သည့် ကုန်ပစ္စည်းများ ခိုးယူခဲ့ပြီး eBay တွင် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို ပြည်ထောင်စုအကျဉ်းထောင်တွင် ထောင်ဒဏ် ၅၄ လ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးနှင့် ထောက်လှမ်းရေးဗျူရိုက စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပြီးနောက် အသက် ၆၃ နှစ်ရှိသည့် ကင်ရစ်ချက်ဆန်က လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃.၈ သန်း ပေးချေရန် သဘောတူညီခဲ့ကြောင်း အမေရိကန်ရှေ့နေ ပက်ထရစ်က ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။ 

ရစ်ချက်ဆန်မှာ လုံခြုံရေးကိရိယာ အလုပ်မလုပ်နိုင်စေမည့် ကိရိယာများ အသုံးပြုကာ လက်လီအရောင်းဆိုင်အများအပြားမှ ပစ္စည်းများ ခိုးယူပြီးနောက် ယင်းယူဆောင်လာသည့် အိတ်အမည်း အတွင်း ထည့်ကာ ဆိုင်ထဲမှ ခပ်တည်တည်ဖြင့် ပြန်ထွက်သွားလေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရစ်ချက်ဆန်မှာ ခိုးယူထားသည့်ပစ္စည်းများကို eBay သို့မဟုတ် အင်တာနက်ပေါ်မှ တိုက်ရိုက်ရောင်းချပြီး အမေရိကန်စာပို့စနစ်၊ Federal Express နှင့် United Parcel Service များ အသုံးပြုကာ အဆိုပါပစ္စည်းများကို ပို့ဆောင်လေ့ရှိသည်။ 

ခိုးယူထားသည့်ပစ္စည်းများကို ဝယ်ယူထားသူများက ရစ်ချက်ဆန်နှင့် ဆက်နွှယ်နေသည့် PayPal အကောင့် ၄ ခုထံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ပေးပို့ခဲ့သည်ဟု ဆိုသည်။ ရစ်ချက်ဆန်မှာ ထောင်ဒဏ်မှ ပြန်လွတ်လာချိန်တွင် ၃ နှစ်ကြာ စောင့်ကြည့်ခံရမည်ဖြစ်သည်။ ရစ်ချက်ဆန်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အာမခံဖြင့် လွှတ်ပေးထားခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ