နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နှင့် အီတလီနိုင်ငံတွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်၍ အနည်းဆုံး လူနှစ်ဦး သေဆုံး

အောက်တိုဘာ ၄၊ ပါရီ


ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် အီတလီနိုင်ငံ အနောက်မြောက်ပိုင်းတွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး လူ ၂၅ ဦး ပျောက်ဆုံးခဲ့သည်။ အဲလက်စ်ဟု အမည်ပေးထားသည့် မုန်တိုင်းကြောင့် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ်မြို့တစ်ဝိုက်ရှိ ရွာအများအပြား ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့သည်။ ယင်း၏ဘဝတွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်သည်ဟု နိစ်မြို့တော်ဝန်က ပြောသည်။ 

အီတလီနိုင်ငံမြောက်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် လမ်းများ၊ တံတားများ ရေစီးဖြင့် မျောပါခဲ့ပြီး မြစ်အများအပြားတွင် မြစ်ကမ်းပါးကျော်သည်အထိ ရေလျှံခဲ့ကြသည်။ အီတလီနိုင်ငံတွင် သေဆုံးခဲ့သူများအနက် တစ်ဦးမှာ အေအိုစတာတောင်ကြားမှ မီးသတ်သမားဖြစ်ပြီး ကျန်တစ်ဦးမှာ ပိုင်ဒီမွန့်ဒေသတွင် ကားမောင်းနေစဉ် ရေစီးနှင့်အတူ မြစ်ထဲသို့ မျောပါသွားခြင်းဖြစ်သည်။ အီတလီနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် လူ ၁၇ ဦး ပျောက်ဆုံးနေပြီး ယင်းတို့အနက် ၄ ဦးမှာ တောင်တက်ခရီးကြမ်းနှင်သည့် ဂျာမနီနိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ စခန်းချရာနေရာသို့ ပြန်ရောက်လာခြင်းမရှိကြောင်း အရာရှိများက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ