နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်ရက်ပိုင်းတွင် ကျန်းမာရေးအတွက် အမှန်တကယ်စမ်းသပ်မှု ရင်ဆိုင်ရမည်ဟု ဒေါ်နယ်ထရမ့် ပြော

အောက်တိုဘာ ၄၊ ဝါရှင်တန်


ကျန်းမာရေး ကောင်းမွန်နေသော်လည်း လာမည့်ရက်ပိုင်းတွင် အမှန်တကယ်စမ်းသပ်ခံရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက တွစ်တာပေါ်တွင် ဗီဒီယိုတစ်ခု ဖော်ပြခဲ့သည်။ ယင်း၏ကျန်းမာရေးနှင့်ပတ်သက်၍ အဓိပ္ပာယ်နှစ်ခွရှိသည့် သတင်းစကားထွက်ပေါ်လာခဲ့ပြီးနောက် ဗီဒီယိုဖိုင် တင်ခဲ့ခြင်းဖြစ်သည်။ 

ဒေါ်နယ်ထရမ့်မှာ ကျန်းမာရေးကောင်းမွန်နေပြီး အထိုက်အလျှောက် တိုးတက်မှုရှိသည်ဟု ပြီးခဲ့သည့်စနေနေ့နှောင်းပိုင်းတွင် သမ္မတ၏ သမားတော်က ပြောသည်။ ဒေါ်နယ်ထရမ့်မှာ ဝါရှင်တန်ဒီစီရှိ ဝေါ်တာရိဒ်စစ်ဆေးရုံတွင် ဒုတိယညအဖြစ် ကုသမှုခံယူလျက်ရှိသည်။ လေးမိနစ်ကြာမြင့်သည့် ဗီဒီယိုတွင် ဒေါ်နယ်ထရမ့်က ဝေါ်တာရိဒ်စစ်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများကို ကျေးဇူးတင်စကားဆိုခဲ့သည်။ '' ကျွန်တော် ဆေးရုံ စရောက်ချိန်တုန်းက နေလို့မကောင်းဘူး။ အခုတော့ တော်တော်သက်သာလာပါပြီ။ လာမယ့်ရက်ပိုင်းကတော့ အမှန်တကယ်စမ်းသပ်ခံရမယ့်ကာလလို့ ခန့်မှန်းမိတယ်။ လာမယ့်ရက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ယင်းအနေဖြင့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ပြန်လုပ်ချင်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ