နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဆာအဖွဲ့က နိုင်ငံတကာအာကာသစခန်းသို့ ကန်ဒေါ်လာ ၂၃ သန်းတန် အိမ်သာသစ် ပို့ဆောင်မည်

အောက်တိုဘာ ၃၊ ဝါရှင်တန်

အနာဂတ်ကာလ လကမ္ဘာခရီးစဉ်တွင် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန်အတွက် နာဆာအဖွဲ့က ဆွဲငင်အားမရှိသည့် အိမ်သာကို နိုင်ငံတကာအာကာသစခန်း(ISS)သို့ ပို့ဆောင်သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂၃ သန်းတန် အိမ်သာကို ကုန်တင်အာကာသယာဉ်ပေါ်တွင် တင်ဆောင်ပြီး နိုင်ငံတကာအာကာသစခန်းသို့ တင်ပို့မည်ဖြစ်သည်။ ခန္ဓာကိုယ်မှ အညစ်အကြေးများကို စုပ်ထုတ်ပေး မည့် အိမ်သာ၏ လေစုပ်စနစ်မှာ ယခင်အသုံးပြုခဲ့သည့် အိမ်သာပုံစံများ နှင့်မတူညီဘဲ အမျိုးသမီး အာကာသယာဉ်မှူးများ သက်သောင့်သက်သာဖြစ်စေရန် ဒီဇိုင်းထွင်ထားခြင်းဟု နာဆာအဖွဲ့က ပြောသည်။

ကုန်တင်အာကာသယာဉ်ကို တင်ဆောင်မည့် ဒုံးပျံကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဝါလော့ကျွန်းမှ လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ဒုံးပျံလွှတ်တင်မည့် အချိန်မတိုင်မီ သုံးမိနစ်နီးပါးအလိုတွင် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ခဲ့ခြင်းကြောင့် ဒုံးပျံခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ Universal Waste Management System အိမ်သာမှာ တိုင်တန်နီယမ်သတ္တုဖြင့် ပြုလုပ်ထားသည့် အာကာသအိမ်သာသစ်ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အများသုံးသန့်စင်ခန်းများကဲ့သို့ သီးသန့်ခန်းတစ်ခုအတွင်း ထားရှိမည်ဖြစ်သည်။ အလေးချိန် ပေါင် ၁၀၀၊ အမြင့် ၂၈ လက်မရှိသည့် အဆိုပါအိမ်သာသစ်မှာ လက်ရှိ အသုံးပြုနေသည့် အိမ်သာထက် ၆၅ ရာခိုင်နှုန်းသေးငယ်ပြီး ၄၀ ရာခိုင်နှုန်း ပေါ့ပါးသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ