နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၆ ရက်ကြာမြင့်နေသည့် စစ်ပွဲအဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် အသင့်ရှိဟု အာမေးနီးယားနိုင်ငံ ဆို

အောက်တိုဘာ ၃၊ ယီရီဗန်

အဇာဘိုင်ဂျန်နိုင်ငံနှင့် ၆ ရက်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် ပြင်သစ်၊ ရုရှား၊ အမေရိကန်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရန် အသင့်ရှိသည်ဟု အာမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ နှစ်ဖက်လုံးက လူသေဆုံးစေသည့် တိုက်ခိုက်မှုများ လုပ်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြပြီး တောင်ပိုင်းကော့ကေးဆပ်ဒေသတွင် သေဆုံးမှုများ မြင့်တက်ခဲ့သည်။

 ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင်  ပြီးခဲ့သည့်တနင်္ဂနွေနေ့ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ နာဂါနို-ကရာဘတ်ဒေသမှာ အဇာဘိုင်ဂျန်နိုင်ငံ ပိုင်နက်ဟု တရားဝင်သတ်မှတ်ထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများ ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကြားကာလကလည်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း နာဂါနို-ကရာဘတ်ဒေသနှင့်ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့ပေ။ OSCE Minsk စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ပူးတွဲအုပ်ချုပ်သည့် အမေရိကန်နိုင်ငံနှင့် ပြင်သစ်၊ ရုရှားတို့က အပစ်အခတ်ရပ်စဲရန် တိုက်တွန်းထားသော်လည်း အဇာဘိုင်ဂျန်နိုင်ငံက ဆွေးနွေးမှုများလုပ်ရန် အပြုသဘောဆန်ဆန် တုံ့ပြန်ခြင်းမရှိသေးပေ။ အဓွန့်ရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင် နိုင်ရေးမှာ အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်အတွင်းမှ အာမေးနီးယားတပ်ဖွဲ့များ ဆုတ်ခွာသွားရေးအပေါ်တွင် မူတည်သည်ဟု ဆိုသည်။

ယင်းတို့အနေဖြင့် ရှေ့ဆက်ချီတက်နေသည်ဟု အဇာဘိုင်ဂျန်တပ်ဖွဲ့များက ပြောခဲ့သော်လည်း အာမေးနီးယားနိုင်ငံက အမြောက်ဆန်ဖြင့် ရွာ ၄ ရွာကို တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားများ သေဆုံးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အာမေးနီးယားနိုင်ငံမြို့တော် ယီရီဗန်မြို့အနီးတွင် ပျံသန်းနေသည့် မောင်းသူမဲ့ယာဉ် ၇ စင်းကို ပစ်ချခဲ့ရသည်ဟု အာမေးနီးယားနိုင်ငံက ဆိုခဲ့သော်လည်း အဆိုပါပြောကြားချက်ကို အဇာဘိုင်ဂျန်နိုင်ငံက ပယ်ချထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ