နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားအယ်ဒီတာတစ်ဦး ပြည်ထဲရေးဝန်ကြီးဌာန ရုံးအရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး အဆုံးစီရင်

အောက်တိုဘာ ၃၊ မော်စကို

ရုရှားနိုင်ငံ နစ်ဇနီနော့ဗ်ဂိုရော့ဒ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးအရှေ့တွင် အယ်ဒီတာတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး အဆုံးစီရင်ခဲ့သည်။ အစောပိုင်းတွင် အိုင်ရီနာဆလာဗီနာက '' ကျွန်မ သေဆုံးမှု အတွက် ရုရှားပြည်ထောင်စုကို အပြစ်တင်ကြဖို့ ရှင်တို့ကို ပြောချင်ပါတယ်''ဟု ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ အိုင်ရီနာဆလာဗီနာ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သည့် လောင်ကျွမ်းဒဏ်ရာများ တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။

ရုရှားရဲတပ်ဖွဲ့က ယင်း၏တိုက်ခန်းသို့လာရောက်ပြီး ဒီမိုကရေစီလိုလားသည့် Open Russia အဖွဲ့နှင့် ဆက်နွှယ်သည့် စာရွက်စာတမ်းများ ရှိ၊ မရှိ ရှာဖွေခဲ့ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အိုင်ရီနာဆလာဗီနာက ပြောသည်။ အဆိုပါရှာဖွေမှုနှင့် ရဲတပ်ဖွဲ့က ကွန်ပျူတာများနှင့် အချက်အလက်များ သိမ်းဆည်းခဲ့သည်။ အိုင်ရီနာဆလာဗီနာက ဂေါ်ကီလမ်းရှိ ခုံတန်းလျားပေါ်တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့၍ အဆုံးစီရင်ခဲ့ပုံကို ဖော်ပြသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် အမျိုးသားတစ်ဦးက မီးငြှိမ်းသတ်ပေးရန်  ပြေးလာခဲ့‌ကြောင်း တွေ့ရသည်။ အမျိုးသားက ယင်း၏ကုတ်အင်္ကျီကိုချွတ်ပြီး မီးသတ်ပေးရန် ကြိုးပမ်းခဲ့သော်လည်း အမျိုးသမီးက ယင်းကို ထပ်ဖန်တလဲလဲ တွန်းထုတ်ခဲ့ပြီး နောက်ဆုံးတွင် မြေပေါ်လဲကျသွားသည်။

အိုင်ရီနာဆလာဗီနာ ‌သေဆုံးခဲ့ခြင်းကို ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုခဲ့သော်လည်း ယင်း၏တိုက်ခန်း ရှာဖွေခံရမှုနှင့်ဆက်နွှယ်ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။ အိုင်ရီနာဆလာဗီနာမှာ Koza Press သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သည်။ အဆိုပါသတင်းဝက်ဘ်ဆိုက်၏ ဆောင်ပုဒ်မှာ '' သတင်း နှင့် လေ့လာသုံးသပ်မှုများ၊ ဆင်ဆာဖြတ်တောက်မှုမရှိရေး'' ဖြစ်သည်။ အိုင်ရီနာဆလာဗီနာ သေဆုံး ကြောင်း အတည်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်သောကြာနေ့တွင် အဆိုပါဝက်ဘ်ဆိုက် ကျသွားခဲ့သည်။ အိုင်ရီနာဆလာဗီနာသည် ပြီးခဲ့သည့်နှစ်က ယင်း၏ ဆောင်းပါးတစ်ပုဒ်တွင် အာဏာပိုင်များကို မထီမဲ့မြင်လုပ်ခဲ့ခြင်းကြောင့် ဒဏ်ရိုက်ခံခဲ့ရဖူးသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ