နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ ကူးစက်ခံရသည့် ဒေါ်နယ်ထရမ့်ကို စစ်ဆေးရုံတွင် Remdesivir ဆေးဝါးဖြင့် ကုသပေးနေ

အောက်တိုဘာ ၃၊ ဝါရှင်တန်

COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို Remdesivir ဆေးဝါးဖြင့် ကုသပေးနေပြီး အောက်ဆီဂျင်ပေးရန် မလိုအပ်ကြောင်း သမ္မတ၏ သမားတော် ရှောင်ကွန်လေက ပြောသည်။ Remdesivir ဆေးဝါးမှာ အီဘိုလာရောဂါကို ကုသရန် အသုံးပြုခဲ့သည့် Anti-viral ဗိုင်းရပ်စ်ဆေးတစ်မျိုး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို အဆိုပါဆေးပေးချိန်တွင် အချိန်တိုအတွင်း ပြန်သက်သာလာ၍ ဗြိတိန်နိုင်ငံ အမျိုးသား ကျန်းမာရေးဌာနကလည်း  ပြီးခဲ့သည့် မေလကတည်းက အဆိုပါဆေးကို အသုံးပြု ကုသခွင့်ပေးထားသည်။

ဒေါ်နယ်ထရမ့်မှာ ဝါရှင်တန်ဒီစီရှိ ဝေါ်တာရိဒ်စစ်ဆေးရုံတွင် ကုသမှုခံယူနေပြီး ကျန်းမာရေး ကောင်းမွန်နေကာ လာမည့်ရက်ပိုင်းအထိ ဆေးရုံမှနေ၍ သမ္မတတာဝန်များကို ဆက်လက်ထမ်းဆောင် သွားမည်ဟု ဆိုသည်။ သမ္မတကတော် မီလာနီယာထရမ့်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု ဒေါ်နယ်ထရမ့်က ဗီဒီယိုမှတစ်ဆင့် ပြောခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်တွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်း၏ပြိုင်ဘက်ဖြစ်သည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့် မကောင်း ကြောင်း ပြောထားသည့် ရုပ်သံကြော်ငြာအားလုံးကို ဖြုတ်ချပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် ဂျိုးဘိုင်ဒင်မကောင်းကြောင်း ပြောထားသည့် ရုပ်သံကြော်ငြာများကို ဖြုတ်ချမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဟောင်း ဟီလာရီကလင်တန်နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ကလည်း ဒေါ်နယ်ထရမ့် အမြန်ဆုံး ပြန်သက်သာလာစေရန် ဆုတောင်းပေးခဲ့ကြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ