နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယော့ခ်ပြည်နယ်ရှိ ဆေးဆိုင်များတွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တော့မည်

ဧပြီ ၂၆၊ ဝါရှင်တန် အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်သည့် နယူးယော့ခ် ပြည်နယ်မှာ ဆေးဆိုင်များတွင် COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခွင့်ပြု တော့မည်ဖြစ်ကြောင်း နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ တစ်ရက်လျှင် လူ ၄၀၀၀၀ ကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်ရန် ရည်ရွယ်ပြီး နယူးယော့ခ်ပြည်နယ်ရှိ ဆေးဆိုင် ၅၀၀၀ တွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ တစ်သန်းနီးပါး ရှိနေပြီး သေဆုံးသူ ၅၃၇၅၁ ဦးရှိသည့်အနက် သုံးပုံ၊တစ်ပုံနီးပါးမှာ နယူးယော့ခ်ပြည်နယ်တစ်ခုတည်းတွင် နေထိုင်သူများဖြစ်သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ရန်အတွက် ပိုးသတ်ဆေးကို အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ပြောခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသူများဖြစ်သည်။ မီဒီယာများမှာ ရန်လိုသည့် မေးခွန်းများမှလွဲ၍ အခြားဘာတစ်ခုမျှ မလုပ်တတ်သူများဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ပြီး နေ့စဉ် စာနယ်ဇင်း ရှင်းလင်းပွဲအတွက် အချိန်ပေးရန် မထိုက်တန်ဟုဆိုကာ စာနယ်ဇင်းရှင်းလင်းပွဲ မလုပ်ခဲ့ပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ