နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေစဉ်ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံက တစ်လအတွင်း ဒုံးကျည်အများဆုံး ပစ်လွှတ်ခဲ့

မတ်လ ၂၉ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်း၏ ကမ်းလွန်ဘက်သို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျက်ရှိရာ တာတိုပစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ၏လုပ်ရပ်မှာ မလုပ်သင့်၊ မလုပ်ထိုက်သည့်ကိစ္စဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံက မှတ်ချက်ပေးခဲ့သည်။ ဝမ်ဆန်ကမ်းရိုးတန်းမှ ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည်နှစ်စင်းမှာ အမြင့်ပေ ၃၀ ကီလိုမီတာ၊ ခရီးအကွာအဝေး ၁၄၃ မိုင်အကွာအဝေးအထိ ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဖော်ပြသည်။ “COVID-19 ‌ကြောင့် တစ်ကမ္ဘာလုံး အခက်တွေ့နေချိန်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုက တော်တော်မသင့်တော်ပါဘူး။ ဒီလုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်’’ဟု တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များမှာ ပဲ့ထိန်းဒုံးကျည်များ ဖြစ်ဖွယ်ရှိပြီး ဂျပန်ပိုင်နက် သို့မဟုတ် ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ခြင်းမရှိကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ မြောက်ကိုရီးယားနိုင်ငံက ယခုလအတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ဒုံးကျည်ကိုးစင်းပစ်ခတ်ခဲ့သည်။ အဆိုပါပမာဏမှာ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တစ်လအတွင်း ဒုံးကျည်အများဆုံး စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်ဟု နျူကလီးယားလက်နက် မပေါများစေရေး လေ့လာမှုဆိုင်ရာ ဂျိမ်းစ်မာတင်စင်တာမှ ထိပ်တန်းသုတေသီ ရှီးယားကော့တန်က ပြောသည်။ မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်အတွင်း ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အားလုံးမှာ သေးငယ်သည့် တာတိုပစ်ဒုံးကျည်များဖြစ်ပြီး မတ်လ ၂၁ ရက်က နောက်ဆုံးစမ်းသပ် ပစ်လွှတ်မှုတွင် KN-24 ဒုံးကျည်ကို အသုံးပြုခဲ့ကြောင်း တွေ့ရသည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ