နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါပူအာနယူးဂီနီနိုင်ငံရှိ မြစ်များထဲသို့ မိုင်းတွင်းဟောင်းထဲမှ အဆိပ်သင့်အညစ်အကြေးများ စီးကျနေဟု ဆို

စက်တင်ဘာ ၃၀၊ ပို့တ်မော်ရက်စ်ဘီ


လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုက တူးဖော်မှုလုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် Rio Tinto ကုမ္ပဏီ၏ မိုင်းတွင်းဟောင်းက ပါပူအာနယူးဂီနီနိုင်ငံရှိ မြစ်များထဲသို့ အဆိပ်သင့်အညစ်အကြေးများ စီးကျနေသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘူဂိန်းဗီးလ်ကျွန်းတွင် နေထိုင်သူ ၁၅၀ ကျော်က သြစတြေးလျနိုင်ငံအာဏာပိုင်များကို တိုင်ကြားခဲ့သည်။


ကြေးနီနှင့် ရွှေတူးဖော်ရေး မိုင်းတွင်းမှ စွန့်ပစ်အညစ်အကြေးများမှာ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ ၁၂၀၀၀ ကို ကျန်းမာရေးပြဿနာများဖြစ်စေခဲ့သည်ဟု ယင်းတို့က ဆိုသည်။ အဆိုပါကိစ္စအတွက် ပါဂူနာမိုင်းတွင်း၏ လက်ရှိပိုင်ရှင်များ၊ ဒေသခံလူထုနှင့် ပြောဆိုဆွေးနွေးလိုသည်ဟု Rio Tinto မိုင်းတူးဖော်ရေးကုမ္ပဏီက ပြောသည်။


အနောက်ပိုင်းသြစတြေးလျပြည်နယ်၊ ပီဘာရာမြို့ရှိ ဌာနေတိုင်းရင်းသားများ အထွတ်အမြတ်ထားသည့် နေရာများကို Rio Tinto ကုမ္ပဏီက ဖျက်စီးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ရာ ယခုလအစောပိုင်းတွင် Rio Tinto ကုမ္ပဏီ အကြီးအကဲနှင့် အခြားအမှုဆောင်အရာရှိနှစ်ဦး ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။


ပန်ဂူနာမိုင်းတွင်းမှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း အဆိုပါဒေသ၏ ‌ကြေးနီ နှင့် ရွှေတူးဖော်သည့် အကြီးဆုံး မိုင်းတွင်းတစ်ခုဖြစ်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှု၊ အကျိုးအမြတ် ခွဲဝေပေးမှုများနှင့်ပတ်သက်၍ ဒေသခံလူထုကြား ဒေါသထွက်ခဲ့ကြ၍ လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုကျော်က အဆိုပါမိုင်းတွင်းကို ပိတ်ပစ်ခဲ့ရသည်။                                                                                                


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ