နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမ်းမြို့နယ်၌ မြစိမ်းရောင်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးနိုင်ရန်အတွက် ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်

အမ်း  စက်တင်ဘာ  ၂၉


ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါက်တာလေးလေးဆွေနှင့် ဝန်ထမ်းများသည် စက်တင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းအချိန်က အမ်းမြို့နယ်၊ ဂါလ်လောင်းကျေးရွာအုပ်စု၊ ဂါလ်လောင်း (ကျောင်းကုန်း) ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးနိုင်ရေးအတွက် ကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ထိုသို့သွားရောက် ဆောင်ရွက်ရာတွင် မြစိမ်းရောင်ချေးငွေလျှောက်လွှာ ခေါ်ယူထားရှိမှု ချေးငွေအောင်မြင်သူများစာရင်းအား ကျေးရွာရှိ ကြော်ငြာသင်ပုန်းများ၌ အသင်းသူ၊ အသင်းသားအားလုံး သိရှိစေရန်နှင့် ကန့်ကွက်လွှာ ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စီမံကိန်းငွေထုတ်ချေးမည့်နေ့တွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာကော်မတီဝင်များအား စနစ်တကျ ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်နှင့် အသင်းသူ၊ အသင်းသား များအား ငွေထုတ်ချေးရာ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးနိုင်ရေးနှင့် လုပ်ငန်းများ၏ စာရင်းဇယားများ မှန်ကန်စွာရှိနိုင်ရေး ရှင်းလင်းမှာကြားခဲ့စဉ်။


ဦးအောင်လှဖြူ-ရမ်းဗြဲ






အခြားဆက်စပ်သတင်းများ