နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံဃာတော်သတ်သည့် တရားခံအား ဖမ်းဆီးရာတွင် ပြန်ခုခံ၍ ပစ်ခတ်ဖမ်းဆီး

လှည်းကူး စက်တင်ဘာ ၂၉


  စက်တင်ဘာ ၂၄ ရက်၊ ည ၉ နာရီတွင် လှည်းကူးမြို့နယ်၊ မအူကျေးရွာ အောင်ဓမ္မရိပ်သာဘုန်းကြီး ကျောင်းတွင် အဆိုပါကျောင်းဆရာတော် ဥူးသုဇာတ(၅၃)နှစ် ဝါတော်(၃၃)ဝါသည် ဦးခေါင်း/ဝဲနားအုံပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ လွန်ခဲ့သော ၂ လခန့်က အဆိုပါ ကျောင်းသို့ ကပ္ပိယအဖြစ် လာရောက်လုပ်ကိုင်နေထိုင်နေသူ မောင်မောင်လှ(၃၇)နှစ် (ဖ)ဦးမောင်သိန်း အောင်မင်္ဂလာရပ်ကွက် မြောက်ဦးမြို့နေသူသည် ဆရာတော်မှ အပြင်မသွားရန် စည်းကမ်းတင်းကြပ်ခဲ့သည်ကို စိတ်မကျေမနပ်ဖြစ်ကာ အသက်သေဆုံးသည်အထိ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မောင်မောင်လှအား ဖမ်းဆီးရန်ဆောင်ရွက်စဉ် ဓားကိုင်လျက် ပြန်လည်ခုခံမည့်အခြေအနေရှိ၍ အသာ တကြည် အဖမ်းခံရန် သတိပေးပြောဆိုသော်လည်း အဖမ်းမခံဘဲ တာဝန်ရှိသူနှင့် သက်သေများကို အသက် အန္တရာယ်ဖြစ်စေနိုင်သည်အထိ ပြန်လည်တုန့်ပြန် ခုခံရန်ပြုသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ပစ်ခတ်ခဲ့ရာ ပေါင်တွင်ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိဖမ်းမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ