နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်း ရုပ်သံဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ်အတွင်း ရိုက်ကူးမည်

ရန်ကုန်  စက်တင်ဘာ  ၂၉


King7 Dynasty Production က စာရေးဆရာ အကြင်နာမွန်၏ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ သော စည်းဝတ္ထုကို ၂၀၂၁ ခုနှစ်အတွင်း ရုပ်သံဇာတ်လမ်းတွဲအနေဖြင့် ရိုက်ကူးထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


စည်း ရုပ်သံဇာတ်လမ်းတွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စတင်ရိုက်ကူးရန် ရည်ရွယ်ထားသော် လည်း COVID-19 ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်းမှသာ ရိုက်ကူးနိုင်တော့မည်ဖြစ်သည်။


အဆိုပါ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်များအနေဖြင့် ချာလီ၊ ထက်ဦးထွဋ်၊ စစ်မင်းထက်၊ ဇေယျာထက်၊ စည်သူထက်၊ လီလီကျော်ခိုင်နှင့် အခြားအနုပညာရှင်များ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ဇာတ်လမ်း အကြင်နာမွန်၊ ဇာတ်ညွှန်း ဆုခြည်တို့က ရေးသားထားပြီး ဒါရိုက်တာ အန်ဒီက ရိုက်ကူးတည်းဖြတ် သွားမည်ဖြစ်သည်။


စည်း ရုပ်သံဇာတ်လမ်းတွဲသည် အချစ်၊ မေတ္တာတရားနှင့် ရသမျိုးစုံကိုကြည့်ရှုခံစားနိုင်မည့် ဇာတ်ကား တစ်ကားဖြစ်ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ