နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုရှယ်မီဒီယာပေါ်က တိုက်ခိုက်ခဲ့သူကို ပြန်လည်တုံ့ပြန်လိုက်သည့် Abhishek Bachchan

စက်တင်ဘာ   ၂၉


Bolly Wood ရုပ်ရှင်လောက၏ နာမည်ကြီးမင်သားတစ်ယောက်ဖြစ်သည့် Abhishek Bachchan သည် မင်းသားကြီး တစ်ဦးဖြစ်သူ Amitabh Bachchan ၏ သားဖြစ်သူပီပီ ဖခင်ခြေရာနင်းနိုင်သူတစ်ယောက်ဖြစ် သည်။


Abhishek သည် Dhoom, The Big Bull, Happy New Year, Players အစရှိသည့် နာမည်ကြီး Bolly Wood ဇာတ်ကားများဖြင့် နာမည်ကြီးခဲ့သည့် မင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူလည်းဖြစ်သည်။ မကြာသေးမီ ရက်ပိုင်းက Twitter ပေါ်တွင် ဝေဖန်တိုက်ခိုက်လာသည့် အမျိုးသားတစ်ဦး၏ ပို့စ်ကို လိမ္မာပါးနပ်စွာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း Storypick သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


ထိုပို့စ်ထဲတွင် AkshittSinghal အမည်ရ အမျိုးသားတစ်ဦးသည် Abhishek ကို Nepotism ဟု   ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ Nepotism သည် အနုပညာလောကထဲကို ကိုယ်စွမ်းကိုယ်စဖြင့် တိုးဝင်လာသူမဟုတ်ဘဲ နာမည်ကြီးပြီးသား မင်းသား၊ မင်းသမီးများ၊ အသိဒါရိုက်တာများ၊ ခင်မင်ရင်းနှီး သည့် ရုပ်ရှင်ထုတ်လုပ်သူများ စသဖြင့် နာမည်ကြီးပုဂ္ဂိုလ်များ အားကိုးဖြင့် အနုပညာနယ်ပယ်ထဲကို ဝင်ရောက်လာသူဖြစ်ကြောင်း ပြောထားခြင်းဖြစ်သည်။


ဖခင်ဖြစ်သူ Amitabh Bachchan ၏ အရှိန်အဝါကို အားကိုးပြီး ရုပ်ရှင်လောကထဲဝင်ရောက်လာကာ Follower ၁၅ သန်းကျော် ရရှိနေကာ ကိုယ့်အားကိုယ်ကိုးပြီးတက်လာသည့် Prachi Desai က Follower ၁ သန်းခွဲသာရှိကြောင်း၊ အနုပညာကို အမှန်တကယ်ချစ်မြတ်နိုးသည့် ပရိသတ်မှန်ပါက ရုပ်ရည်ထက် အရည်အချင်းကို ဦးစားပေးပြီး အားပေး သင့်ကြောင်း ဝေဖန်ပြောကြားထားခြင်းဖြစ်သည်။


ထိုဝေဖန်ရေးသားမှုများကို  Abhishek က “ကျွန်တော် Mr Singhal ကို တစ်ခုလောက်ပြောပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ဆိုရှယ်မီဒီယာပေါ်က Follower တွေနဲ့ တိုင်းတာလို့ မရတာ ခင်ဗျားသိသင့်ပါတယ်။ Prachi Desai ကလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ။


သူဟာ အရမ်းတော်ပြီး အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက်ဆိုတာ ခင်ဗျားကော၊ ကျွန်တော်ကော အပါအဝင် လူတိုင်းသိကြပါတယ်။ ပြီးတော့ Prachi Desai က ဆိုရှယ်မီဒီယာ သိပ်သုံးတဲ့လူ မဟုတ်သလို သူမက ဘာကြီးညာကြီးဆိုပြီး ပြောနေတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူမဘာလဲဆိုတာ သူမရဲ့ အလုပ်တွေ နဲ့ပဲ ကောင်းကောင်းသက်သေပြတတ်တဲ့ မင်းသမီးတစ်ယောက်ပါ”ဟု ပြန်လည်ရေးသားတုံ့ပြန်ထားခဲ့သည်။


(WP)






အခြားဆက်စပ်သတင်းများ