နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ငွေနည်းသည့်နိုင်ငံများတွင် မိနစ်ပိုင်းအတွင်း COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့်ကိရိယာများ ပံ့ပိုးပေးမည်

စက်တင်ဘာ ၂၉၊ ဂျီနီဗာ


မိနစ်ပိုင်းအတွင်း COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့် ကိရိယာကြောင့် ဝင်ငွေနိမ့်သည့်၊ ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင် ရောဂါစစ်ဆေးနိုင်စွမ်း သိသိသာသာ မြင့်တက်လာလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောသည်။ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ( မြန်မာငွေ ၆၅၀၀)သာ ကုန်ကျမည့် ကိရိယာမှာ ကျန်းမာရေးဝန်ထမ်းနှင့် ဓာတ်ခွဲခန်း လိုအပ်ချက်ရှိသည့် ဝင်ငွေနည်း နိုင်ငံများတွင် COVID-19 ရောဂါ ခြေရာခံစောင့်ကြည့်မှုကို အသွင်ပြောင်းလဲပေးနိုင်သည်ဟု ဆိုသည်။


လာမည့်ခြောက်လတာကာလအတွင်း ရောဂါစမ်းသပ်ရေးကိရိယာ သန်း ၁၂၀ ပံ့ပိုးပေးနိုင်ရန် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ရောဂါ ရှိ၊ မရှိ စစ်ဆေးချိန်နှင့် အဖြေရချိန်ကာလ ကွာခြားချက်ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများ နှောင့်နှေးကြန့်ကြာခဲ့သည်။ အိန္ဒိယနှင့် မက္ကဆီကိုနိုင်ငံများအပါအဝင် ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားသည့်နိုင်ငံအချို့တွင် ရောဂါစစ်ဆေးနိုင်စွမ်း နည်းပါးခြင်းမှာ အမှန်တကယ် ရောဂါကူးစက်ပျံ့နှံ့မှုကို ပုံဖျက်နေသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။


ရောဂါ အလွယ်တကူ စစ်ဆေးနိုင်ပြီး ယူဆောင်သွားရန် လွယ်ကူသည့် ကိရိယာမှာ ၁၅ မိနစ်မှ မိနစ် ၃၀ ကြား အချိန်အပိုင်းအခြားအတွင်း ဆေးစစ်ချက်အဖြေ သိရမည်ဟု WHO ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဂီဘရီယီဆက်က ပြောသည်။ အဆိုပါကိရိယာကို ထုတ်လုပ်သည့် Abbott နှင့် SD Biosensor ကုမ္ပဏီများက ကိရိယာ သန်း ၁၂၀ ထုတ်လုပ်ရန် ဘီလ်၊ မီလင်ဒါဂိတ်ဖောင်ဒေးရှင်းနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်အရ ရောဂါကူးစက်မှုနှင့် သေဆုံးမှုနှုန်း အများဆုံးနိုင်ငံများဖြစ်သည့် လက်တင်အမေရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို ရောဂါစစ်ဆေးသည့်ကိရိယာများ ထောက်ပံ့ပေးမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ