နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်ဆင်မွေးမြူရေးလုပ်ငန်းများ ကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် ယခုနှစ်တွင် အခွင့်အရေးရရှိရန်မသေချာ

ရန်ကုန် စက်တင်ဘာ ၂၉


ကြက်ဆင်မွေးမြူရေးလုပ်ငန်းသည် ကြက်မွေးမြူရေးလုပ်ငန်းနှင့် သဘာဝတူညီသော်လည်း ကြက်ဆင် မှာ ကြက်ကဲ့သို့စျေးကွက်မရှိ၊ ကြက်ဆင်အသားစျေးကွက်မရှိသကဲ့သို့ “ကြက်ဆင်ဥ” မှာလည်း စျေးကွက်မရှိ    သို့သော်ကြက်ဆင်မှာဥရောပနိုင်ငံများတွင်“တော်ဝင်ဟင်းလျာ”ဖြစ်သည်။

ဧည့်ခံပွဲများ၊ အခမ်းအနားများနှင့်ပွဲလမ်းသဘင်များတွင် ကြက်ဆင်သားကိုအဆောင်အယောင်တစ်ခု အနေနှင့်ထည့်သွင်းကျွေးမွေးလေ့ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကြက်ဆင်မွေးမြူရေး လုပ်ငန်းများသည် ပြည်တွင်းစျေးကွက်မရှိသဖြင့် ဟိုတယ်များ၊ သံရုံးများကိုသာအဓိက အားထားရောင်းချနေရသကဲ့သို့ ခရစ္စမတ်ပွဲတော်ကို အဓိကအားထား လုပ်ကိုင်ဆောင်ရွက်နေကြရသည်။

ခရစ္စမတ်ပွဲတော်ကာလသည် ကြက်ဆင်စျေးကွက် အသွက်လက်ဆုံးအချိန်ကာလဖြစ်သည်။ ခရစ္စပွဲတော် မှာတစ်နှစ်လျှင်တစ်ကြိမ်သာဖြစ်သော်လည်းမြန်မာနိုင်ငံရှိသံရုံးအားလုံး၊ ဟိုတယ်အားလုံးနှင့်စားသောက်ဆိုင် ကြီးများ၊ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအားလုံးလိုလိုမှ ၀ယ်ယူမှုရှိနေသဖြင့် မွေးမြူလုပ်ကိုင်သူအားလုံးလိုလိုပင် ခြံ ပြတ်သည်အထိရောင်းချပေးနေကြရသည်။ ထို့ကြောင့် ခရစ္စမတ်ပွဲတော်ကာလတွင် ကြက်ဆင်ဝယ်ယူမှုမရှိသည့်ဖြစ်စဉ်များပင်ရှိနေသဖြင့် ကြိုတင်ဝယ် ယူမှုများပင်ရှိနေသည်ဟု ပြောသည်။ 

ထို့ကြောင့် အသားစားကြက်ဆင်မွေးမြူသူများအနေနှင့်ကြားကာလများတွင် ဟိုတယ်များ၊ စားသောက် ဆိုင်များနှင့် နိုင်ငံခြားသားဖောက်သည်များ၏ဝယ်ယူမှု အနည်းငယ်သာရှိနေသော်လည်း ခရစ္စမတ် ပွဲတော်ကာလတွင် အားလုံးရောင်းချကာနောက်တစ်နှစ်အတွက် မွေးမြူရန်ပြင်ဆင်ဆောင်ရွက်ကြသည်။ သို့သော် ယခုနှစ်တွင် ကိုဗစ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် နိုင်ငံခြားသားများဝင်ရောက်မှု မရှိတော့သဖြင့် ဟိုတယ်များနှင့်စားသောက်ဆိုင်များမှလည်းဝယ်ယူမှုမရှိတော့။ ထို့အပြင် လက်ရှိဖြစ်ပေါ်ခံစားနေရသည့် ကိုဗစ်ရောဂါ ဖြစ်စဉ်ဖြစ်ရပ်များကြောင့် လာမည့်ခရစ္စမတ်ပွဲတော်များ ကျင်းပပြုလုပ်ရန်အသေချာ၊ ခရစ္စမတ် ပွဲတော်များ မကျင်းပနိုင်လျှင် ကြက်ဆင်များကိုရောင်းချရတော့မည်မဟုတ်။ ရောင်းမရလျှင် နောက်တစ်နှစ် ထပ်စောင့်၍လည်းအစာစရိတ်နှင့်အဆင်ပြေနိုင်မည်မဟုတ်၊ ထို့ကြောင့် ယခုနှစ်တွင်မျှော်လင့်နေသည့်အခွင့် အရေးများမသေချာသဖြင့် အခက်အခဲများဖြစ်လာနိုင်သည်ဟုဆိုသည်။ လက်ရှိတွင် ကြက်ဆင်မွေးမြူရေးခြံ များတွင် ကြက်ဆင်ဥတစ်လုံးလျှင် တစ်ထောင်ကျပ်မှတစ်ထောင့်ငါးရာကျပ် ကြက်ဆင်တစ်ပိသာလျှင် ရှစ်ထောင်ကျပ်မှတစ်သောင်း၊ တစ်သောင်းနှစ်ထောင်ခန့်ရှိ ပေါက်စျေးရှိနေပြီး ခရစ္စမတ်ပွဲတော်ကာလတွင် တစ်ပိသာလျှင် ငွေကျပ်တစ်သောင်းခွဲအထိ စျေးနှုန်းရရှိကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ