နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ပတ်လမ်းပိုင်း ရထားတွဲဆိုင်း ၃ ဆိုင်းသာ ပြေးဆွဲမည်

ရန်ကုန်၊  စက်တင်ဘာ  ၂၉


COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်အရ ခရီးသွားလာမှုကန့်သတ်ချက်များရှိသဖြင့် ရန်ကုန်မြို့တွင် ရထားဖြင့် ခရီးသည်စီးနင်းမှု လျော့နည်းသွားသည်။

ရန်ကုန်မြိူ့ပတ်လမ်းပိုင်းတွင် နေ့စဉ် ရထားတွဲဆိုင်း ၆ ဆိုင်းဖြင့် ရုံးချိန်ရထားများကို ပြေးဆွဲလျက်ရှိရာ စက်တင်ဘာ ၂၉ ရက်နေ့မှစတင်၍ ရထားတွဲဆိုင်း ၃ ဆိုင်းဖြင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၇)တိုင်းရန်ကုန်ထံမှ သိရသည်။

ရန်ကုန်လှော်ကားလမ်းပိုင်းတွင် ရုံးချိန် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၁၅ မိနစ် တွင် ရောက်ရှိမည်။ ညနေရုံးဆင်းချိန် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးမှထွက်ခွာပြီး လှော်ကားသို့ ညနေ ၆ နာရီ ၄၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန်လမ်းပိုင်းတွင် အင်းစိန်ဘူတာမှ နံနက်၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မင်္ဂလာဒုံသို့ နံနက်၈ နာရီ ၁၀ မိနစ်တွင် ရောက်ရှိပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်။ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှထွက်ခွာပြီး မင်္ဂလာဒုံသို့ ညနေ ၆  နာရီ ၅၀ မိနစ်နှင့် အင်းစိန်သို့ ည ၇ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်။

ရန်ကုန်-ရွာသာကြီးလမ်းပိုင်းတွင် နံနက်ပိုင်း ၈ နာရီတွင် ရွာသာကြီးမှထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၉ နာရီတွင် ရောက်ရှိမည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၅ နာ ၂၀ မိနစ်တွင် ထွက်ခွာပြီး ရွာသာကြီးသို့ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာထားမည်ဖြစ်သည်။


(အောင်သူရ)






အခြားဆက်စပ်သတင်းများ