နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်တာဝန်ရှိသူများ COVID -19 ရောဂါထိန်းချုပ်ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် လိုအပ်ပါကQuarantine Center ထားရှိမည့်နေရာများ သွားရောက်ကြည့်ရူ့

ရန်ကုန်   စက်တင်ဘာလ  ၂၉


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာလ ၂၈ ရက် နေ့လည်က အစိုးရအဖွဲ့ဝင် ဝန်ကြီး များဖြစ်သော ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူများလိုက်ပါကာ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) ဧရာဝတီစင်တာ သို့သွားရောက်၍ ရောဂါထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား ညှိနှိုင်းဆွေးနွေး ပြီး လမ်းညွှန်မှာကြားခဲ့ကြသည်။ 

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်အရှေ့ဘက်မုဘ်ရှိ ဓမ္မာရုံအဆောက်အဦီများနှင့် အဘိဓမ္မာဗိမ္မာန်တော် ငါးထပ်ဆောင်တို့ကို ကြည့်ရှု့ပြီး သံဃာတော်များအား COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး အသွားအလာကန့်သတ်မှု Quarantine ထားရှိရန်လိုအပ်လာပါက ၎င်းဓမ္မာရုံများကို Quarantine Center များအဖြစ် အသုံးပြုနိုင်ရန်အတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်တို့ကို တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

၎င်းမှတဆင့် ဗိုလ်တစ်ထောင်မြို့နယ် ရှိ Community Based Facility Quarantine Center အဖြစ် အသုံးပြုမည့် Crown Advanced Construction Co.,Ltd ၏ COD အားကြည့်ရှု့စစ်ဆေးကာ အသုံးပြုနိုင်မည့်အခြေအနေတို့ကို ကုမ္ပဏီတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရသည်။

သတင်း   မိုးမြင့်မောင်

ဓာတ်ပုံ     ကျော်သူထက်






အခြားဆက်စပ်သတင်းများ