နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များမှ တောင်ပိုင်းခရိုင်ရှိ ဈေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်  စက်တင်ဘာလ  ၂၈ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဦးသူရအောင်နှင့် ဦးမင်းဟန်တို့သည် ဈေးများဌာန တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်တွင် တောင်ပိုင်းခရိုင်အတွင်းရှိ ရန်ကင်းမြို့နယ်၊ မြို့မဈေး၊ တာမွေမြို့နယ်၊ ရာပြည့်ဈေး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်ဈေးများသို့ ကွင်းဆင်းသွားရောက်၍ ဈေးများအတွင်း ဈေးသည်များ စနစ်တကျ ရောင်းချနေမှု၊ ဈေးများအတွင်း လူစုလူဝေးမဖြစ်စေရန် သတိပေးနှိုးဆော်နေမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု၊ ဈေးဝယ်မှုနှင့် ဈေးများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ ပါသည်။

ကော်မတီဝင် ဦးမင်းဟန်မှ “ရောဂါတွေ တဖြေးဖြေးများပြားလာသည့် အတွက် ဈေးဝယ်လာလျှင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် လာရောက်ဝယ်ယူကြရန်၊ မဖြစ်မနေ လိုအပ်မှသာ ဈေးဝယ်ယူကြရန်၊ ဈေးရောင်းချသူများက နှာခေါင်းစည်းများ တပ်ဆင်၍ ရောင်းချရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်” လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ