နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးမှ အနောက်ပိုင်းခရိုင်ရှိ ဈေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်  စက်တင်ဘာလ ၂၈ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင် ဦးစိန်အုန်းတို့သည် ဈေးများဌာန တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်တွင် အနောက်ပိုင်းခရိုင် အတွင်းရှိ လမ်းမတော်မြို့နယ်၊ မော်တင်ဈေး၊ အလုံမြို့နယ်၊ အလုံဈေးနှင့် သိပ္ပံဈေး(ဆင်မင်းဈေး)များသို့ ကွင်းဆင်း သွားရောက်၍ ဈေးများအတွင်း ဈေးသည်များ စနစ်တကျ ရောင်းချနေမှု၊ ဈေးများအတွင်း လူစုလူဝေးမဖြစ်စေရန် သတိပေးနှိုးဆော်နေမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု၊ ဈေးဝယ်မှုနှင့် ဈေးများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပါသည်။

တွဲဖက်အတွင်းရေးမှူး ဦးသန်းမှ “ဈေးရောင်းချသူနှင့် ဝယ်သူများ စနစ်တကျ ရောင်းဝယ်ရန်၊ ဈေးဝင်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ အသိပေးချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဈေးဝယ်သူများ လာရောက်ဝယ်ယူရာတွင် Mask များ စနစ်တကျ တပ်ဆင်ရန်” လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ