နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်မှ မြောက်ပိုင်းခရိုင်ရှိ ဈေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်  စက်တင်ဘာလ ၂၈ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးစိုးလွင် နှင့် ကော်မတီဝင် ဦးဝင်းမြင့်သန်းတို့သည် ဈေးများဌာန တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်တွင် မြောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ လှိုင်ဈေး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးနှင့် ဆင်မလိုက်ဈေးများသို့ ကွင်းဆင်းသွားရောက်၍ ဈေးများအတွင်း ဈေးသည်များ စနစ်တကျ ရောင်းချနေမှု၊ ဈေးများအတွင်း လူစုလူဝေးမဖြစ်စေရန် သတိပေးနှိုးဆော်နေမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု၊ ဈေးဝယ်မှုနှင့် ဈေးများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပါသည်။

ဒုတိယမြို့တော်ဝန် ဦးစိုးလွင်မှ “ကိုဗစ်ရောဂါကာကွယ်၊ထိန်းချုပ်၊တားဆီးနိုင်ရေးအတွက် လူမှုရေး အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စနစ်တကျဆောင်ရွက်ကြရန်၊ ချမှတ်ထားသောစည်ကမ်းချက် များကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန်” လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။



သတင်း - ကျော်စိုး / ဓာတ်ပုံ - ရွှေဝင်း






အခြားဆက်စပ်သတင်းများ