နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်

အုတ်တွင်း စက်တင်ဘာ ၂၈


 စက်တင်ဘာ ၂၆ ရက်၊ နံနက်  ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၉/၆)နှင့်(၁၂၉/၇)ကြားတွင် နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ဦးအောင်အောင်မျိုး မောင်းနှင်လာသည့် NPW/7E – --- FOTON ယာဉ်သည် ကုန်စိမ်း များတင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်သို့ လဲကျတိမ်းမှောက်နေသဖြင့် ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ရာ နံနက် ၂ နာရီ ၅၀ မိနစ်အချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပါသည်။ 

 အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပါ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်မောင်း ဦးအောင်အောင်မျိုးအား ဗောဓိကုန်းအမြန်လမ်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ