နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်

ဟိုပုံး စက်တင်ဘာ ၂၈

  စက်တင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ နယ်မြေ(၁)နေ ပိုင်ရှင် ကိုကျော်လင်းထက်၏ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်အပေါ်ထပ်ရှိ အဝတ်စင်ပေါ်တွင် Laptop အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ် ယာဉ်(၃)စီးဖြင့် သွားရောက်၍ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ပိုင်ရှင် ကိုကျော်လင်းထက် အား ဟိုပုံးမြို့မရဲစခန်းမှ (ပ)၈၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

စက်တင်ဘာ ၂၄ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ နယ်မြေ(၉)၊ ဗိုလ်ချုပ်လမ်းနေ ပိုင်ရှင် ဦးဝင်းကြိုင်၏ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် မီးပလပ်ခုံအပူလွန်ကဲ၍ အနီးရှိစာအုပ်များအား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လက်ပံတန်းမြို့နယ်မီးသတ်စခန်းနှင့် ကျွန်းကလေးနယ်မြေ မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ သည် မီးသတ်ယာဉ်(၄)စီးဖြင့် သွားရောက်၍ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွား ခဲ့ပါသည်။

 အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဝင်းကြိုင်အား လက်ပံတန်း မြို့မရဲစခန်းမှ (ပ)၆၅၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ